/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 12, 2012

.

ပါတီတွင်းပြဿနာများကြောင့် ကြာအင်းဆိပ်ကြီးရှိ NLD ပါတီဝင်အများအပြားနှုတ်ထွက်


၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်မှ ၄ နာရီခွဲအချိန်ခန့်အထိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ NLD ပါတီရုံးတွင် ပါတီတွင်းပြဿနာများကို ဖြေရှင်းရန် အတွက် မြို့နယ်အတွင်းရေးမှူး ဦးသန်းလွင်ဦးစီးပြီး ပါတီဝင်အင်အား ၃၅ ဦးဖြင့် အစည်းအဝေး ပြုလုပ်ခဲ့ပါ သည်။

၎င်းအစည်းအဝေးပွဲတွင် ဦးသန်းလွင်မှ ပါတီဝင်များအချင်းချင်း အထင်အမြင် လွဲမှုများအား ဖြေရှင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပါတီဝင်များမှာ လက်ခံကျေနပ်လောက်သော အဖြေကိုမရရှိသဖြင့် ပါတီဝင် ၃၅ ဦးမှ နှုတ်ထွက်ခွင့်တောင်းဆိုခဲ့ပါတယ်။ ပါတီဝင် ၃၅ ဦးရဲ့ နှုတ်ထွက်ခွင့်ကို ကရင်ပြည်နယ် NLD ပါတီရဲ့ ခွင့်ပြုချက်နဲ့ နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။

NLD ပါတီအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီလအတွင်းက ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရရှိခဲ့ပေမယ့် ပါတီတွင်း ပြဿနာများကြောင့် ပါတီဝင်အများအပြား နှုတ်ထွက်မှုဖြစ်ပေါ်နေပါတယ်။ NLD ပါတီဥက္ကဌမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာက တစ်ကြောင်း၊ ပြည်သူများကလည်း နိုင်ငံရေး အပြောင်း အလဲကို လိုလားနေချိန်မှာ လူထုကိုဘာလုပ်ပေးမယ်၊ ညာ လုပ်ပေးမယ်ဆိုပြီး စည်းရုံးလိုက်တော့ ပြည်သူတွေက မျှော်လင့်ချက်တွေနဲ့ ၀ိုင်းဝန်းထောက်ခံခဲ့ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲပြီးတာကလည်း ၆ လ ကျော်ထဲရောက်လာပါပြီ။ NLD ပါတီရဲ့ ပြည်သူ့အကျိုးပြု လုပ်ဆောင်ချက်တွေကို ဘာမှမမြင်တွေ့ရဘဲနဲ့ ပါတီတွင်းငွေကြေး သုံးစွဲမှုကိစ္စများ၊ အခွင့်အာဏာနဲ့ နေရာ လုမှုများကြောင့် ပါတီဝင်ဟောင်းများ အများအပြားနှုတ် ထွက်ခဲ့ ပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှလည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှလည်းကောင်း အများအပြား နှုတ်ထွက်ခဲ့ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးမှ NLD ပါတီဝင်အများအပြားလည်း ပါတီတွင်း ပြဿနာများကို ဖြေရှင်းပေးခြင်းမရှိပါက နှုတ်ထွက်မှာဖြစ်တယ်လို့သိရပါတယ်။

“ အမေစုက လက်ရှိအနေ အထားမှာ အနောက်အုပ်စုနဲ့ တော်တော်အဆင်ပြေနေတာလေ။ သူရဲ့လုပ်ဆောင် ချက်တွေက ကျွန်တော်တို့ အတွက်မဟုတ်ဘဲ သူ့တစ်ကိုယ်ရေ ဂုဏ်သိက္ခာ တိုးတက်ဖို့လုပ်ဆော င်နေတာလို့ ထင်မိတယ်ဗျာ။ အခုချိန်မှာ အနောက်နိုင်ငံတွေက ပေးတဲ့ဆု၊ ငွေတွေဆိုတာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတာလို့မြင်တယ်ဗျာ။ နောင်တစ်ချိန်မှာ အဲဒီဆုငွေတွေအတွက် အမေစုပြန်ပေးဆပ်ရမှာမနည်းဘူး။ ကျွန်တော်တို့ နိုင်ငံအတွက် ရင်လေးလိုက်တာ ” လို့ ကျောက်တံတားမြို့နယ် NLD ပါတီဝင် ဦးတင်အေးက ပြောကြားခဲ့ပါတယ်။

1 comment:

  1. သမ္မတနေရာအတွက် ကြံနေရတယ်။ အမေစု မအားဘူး။ ကိုယ့်ပါကိုယ် ရှင်းမှ ရမှာ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။