/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 12, 2012

.

ဒေါ်အောင်ဆန်းစုကြည်အသုံးမကျမူကိုသိရှိသဖြင့် NLD အမာခံတစ်ဦးဆောင်၍ ပါတီဝင်အင်အား(၂၀၀) ကျော် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်


အင်တိုင်းကြီးကျေးရွာအုပ်စု ဒေါင်းနေ ကျေးရွာတွင် ယနေ့မနက် (၀၉း၀၀)ခန့်က ကျေးရွာသူ၊ကျေးရွားသားများ အစုလိုက် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ကြကြောင်းနှင့် ပါတီတာဝန်ရှိသူများမှ ပါတီဝင်ဖြစ်ရေး ဆောင်ရွက်ပေးခဲ့ကြပြီး ပါတီဝင်အသိအမှတ်ပြုကတ်များထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ပါတီသို့ ၀င်ရောက်ရန် ဦးဆောင်သူမှာ ဦးစိုးနိုင်ဖြစ်ပြီး NLD ပါတီတာဝန်များကိုတက်ကြွစွာဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာပါတီရုံးခန်းကိုလည်း ၎င်း၏နေအိမ်တွင်ပင် လက်ခံ ဖွင့်ထားသူဖြစ်ပြီး၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုတွင် ပိုမိုလက်တွေ့ကျသည့် ပြည်ခိုင်ဖြိုးပါတီသို့ ကူးပြောင်းရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ မိမိအနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ကျေးရွာအား ထိထိရောက်ရောက်ကူညီနိုင်ရန်ရည်ရွယ်ကြောင်းလဲ ပြောကြားခဲ့သည်။

မိမိ၏မှန်ကန်စွာဆုံးဖြတ်နိုင်မှုကြောင့် လက်ရှိ ကျေးရွာ နှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီ ယခင်ကထက် ကျေးရွာပြည်သူအကျိုးကို ပိုမို ဆောင်ရွက်နိုင်မည်ကိုလည်း ယုံကြည်ကြောင်း၊ အပြောသက်သက်ဖြင့်သာပြည်သူကိုမက်လုံးပေးမနေလိုကြောင်း၊ ပြည်သူများ အကျိုးကို လက်တွေ့ဆောင်ရွက်ပေးနိုင်မှသာ တာဝန်ကျေမည်ဟုခံယူကြောင်း ထို့ကြောင့် မိမိအပါအ၀င် အတူလက်တွဲဆောင်ရွက်နေကြသူ စုစုပေါင်း ပါတီဝင်(၂၀၀)ကျော်ကိုပါစုစည်း၍ ပြည်ခိုင်ဖြိုးပါတီသို့ ကူးပြောင်းဝင်ရောက်ရခြင်းဖြစ်ကြောင်း ၎င်းမှ ပြန်လည် ပြောပြခဲ့ပါသည်။

ယခုကဲ့သို့ပါတီကူးပြောင်းဝင်ရောက်ခြင်းမှာ မကွေးတိုင်းအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် အနေဖြင့် ဂန့်ဂေါမြို့နယ် NLD ဥက္ကဌတာဝန်ယူထားသူ ဦးအောင်ခန့် ဦးဆောင်သည် အင်အား (၁၀၀) ကျော်အဖွဲ့ ဖြစ်သည်။ ဆက်လက်၍လည်း ၀င်ရောက်ရန်လည်း ကမ်းလှမ်းမှုများလည်း ရှိထားကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။



Myanmar Express

1 comment:

  1. ပါးစပ်ပဲပါပြီး လက်မပါတဲ့ ပါတီက ထွက်တာ ကောင်းပါ့ဗျာ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။