တမန်နေ့ညကရန်ကုန်တိုင်းဒေသကြီး လှည်းတန်းမြို့နယ်အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော ကောင်းကင်ပေါ်က အလင်းတန်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းကြည့်ရာမှာ-
အရပ်သားတဦး။ ဘာကြောင့်လဲတော့ မသိဘူး.. တော်တော်ကြောက်စရာကောင်းပါတယ်။ ကြောက်လွန်းလို့ ကျနော်တို့မိသားစု ဘုရားစာတွေပဲ ထိုင်ရွတ်နေကြတယ်။
မိုးဇလမှ ၀န်ထမ်းတဦး။ ဟုတ်ကဲ့.. ဒါက ရာသီဥတုကြောင့် တိမ်တွေထဲက လျှပ်စစ်သံလိုက်ကွင်းတွေ အချင်းချင်း ပွတ်မိပြီး ဖြစ်တာပါ။
ပယောဂဆရာ တဦး။ ဒါဟာ နိုင်ငံအတွင်းမှာ ကံဆိုးမှုတွေ ကျရောက်တော့မယ့် နိမိတ်ဖြစ်ပါတယ်။ မကောင်းဆိုးဝါးတွေက မြူးတူးပျော်ပါးနေတာ ဖြစ်ပါတယ်။
တတ်သိပညာရှင်။ ဒါဟာ အနောက်နိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ UFO ရဲ့ အလင်းတန်းတွေပါ။ ဟိုတလောတုန်းကလည်း ကျနော်တို့ နိုင်ငံကို UFO တွေ ရောက်လာသေးတယ်လေ။
လက်နက်အရေးကျွမ်းကျင်သူ။ ဒါက ရှင်းနေတာပဲ။ အစိုးရက နျူကလီးယား လက်နက်ကို စမ်းသပ်နေတာပါ။ ဒါမှ မဟုတ်ရင်လဲ ကချင်တိုက်ပွဲအတွက် ဓာတုလက်နက်တွေကို စမ်းသပ်တဲ့ သဘောဖြစ်ပါလိမ့်မယ်။
နိုင်ငံရေးသမားတဦး။ ဒီလိုအဖြစ်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့နိုင်ငံမှာ အစိုးရက ပွင့်လင်းမြင်သာမှု အားနည်းသေးတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကြိုတင်သတင်းထုတ်ပြန်မှုတော့ ရှိသင့်ပါတယ်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။