Galaxy S III၏ မြန်နှုန်းမြင့် Dual-Core 1.5GHz Processorအစား miniတွင် 1GHz မြန်နှုန်းသို့ အဆင့်နှိမ့်ထားကြောင်းလည်း သိရသည်။ "ခုလို miniဖုန်းပါ ထုတ်ရတာက ဝယ်ယူသူတွေ အနေနဲ့ ပိုပြီး ရွေးချယ်ခွင့် ရှိစေချင်လို့ပါ"ဟု Samsungက ပြောကြားခဲ့သည်။ Samsungသည် ဖုန်းနှင့် ပတ်သက်ပြီး စတင်ရောင်းချမည့် နေ့ရက်၊ ဈေးနှုန်းတို့အကြောင်း လေသံမဟသေးချေ။ mini၏ Screenသည် Appleမှ ထုတ်လုပ်သော iPhone 5နှင့် အရွယ်အစား တူညီကြောင်း သိရသည်။
လက်ရှိတွင် Samsungနှင့် Appleတို့မှာ မူပိုင်ခွင့် ကိစ္စအတွက် အပြန်အလှန် တရားစွဲရင်း အပြင်းအထန် ပြိုင်ဆိုင်နေကြသည်။ လက်ရှိတွင် miniနှင့် ပတ်သက်သော ကောက်ချက်များမှာ အကောင်းဆုံး အခြေအနေတွင် မရှိသေးချေ။ လော့စ်အန်ဂျလိစ်တိုင်းမ် သတင်းစာက 4Gကွန်ရက်နှင့် ချိတ်ဆက်ရာတွင် mini၏ စွမ်းရည်မှာ အထင်ကရ အမှတ်တံဆိပ် ဖုန်းတစ်လုံးအဖြစ်သို့ တက်လှမ်းရန် လက်ခံနိုင်စရာ မရှိဟု ဝေဖန်ထားသည်။ miniသည် Galaxy S IIIတွင် ပါဝင်သည့် Software ထောက်ပံ့မှု အများအပြား ပြန်လည် ထည့်သွင်းပေးထားသည်။
OSအဖြစ် Andriod၏ နောက်ဆုံးထုတ် Jelly Beanကို အသုံးပြုထားပြီး S Voiceနှင့် Smart Stayကဲ့သို့ Software ထောက်ပံ့မှုများ ပါဝင်လာသည်။ ထို့အပြင် Direct Call Featureအရ သူငယ်ချင်း တစ်ဦးထံမှ Messageကို ဖတ်နေရင်း နားတွင် ကပ်လိုက်သည်နှင့် ထိုသူထံ ဖုန်းခေါ်နိုင်မည် ဖြစ်သည်။ S Beamက Galaxy S III စီးရီးဖုန်းများနှင့် Galaxy Note II ကိုင်ဆောင်သူများကြား သီချင်းများ မျှဝေစေနိုင်ရန် ကူညီပေးမည်ဟု ဆိုသည်။
Samsung၏ ITနှင့် မိုဘိုင်းလ် ဆက်သွယ်ရေးဌာနမှ အကြီးအကဲ ရှင်ဂျွန်ကွန်းက "တချို့က ခုဖုန်းသစ်ကို Galaxy S III အနိမ့်စားလို့ မြင်ကြတယ်။ ကျွန်တော်တို့ကတော့ miniကို သီးခြားဖုန်း အမျိုးအစား တစ်ခုအဖြစ်ပဲ သတ်မှတ်ချင်ပါတယ်"ဟု ပြောကြားသွားသည်။
To watch Review Video

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။