/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, October 12, 2012

.

ကားတံခါးခလုတ်ချွတ်ယွင်းမှုကြောင့် ကားစီးရေ ၇ သန်းကျော် တိုယိုတာ ပြန်သိမ်း


ပါဝါတံခါးခလုပ်ချွတ်ယွင်းချက်ကြောင့် ကမ္ဘာတစ်ဝန်းရှိ တိုယိုတာကားစင်းရေ ၇ဒသမ ၄သန်းကို တိုယိုတာကုမ္ပဏီကပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်ကိုကိုကား၍ The Straits Times သတင်းတွင်ဖော်ပြထားသည်။

တိုယိုတာကုမ္ပဏီမှပြန်လည်သိမ်းယူမည့်ကားများတွင် Vitz၊Yaris နှင့်ကိုရိုလာ မိုဒယ် လ်ကားများပါဝင်မည်ဖြစ်သည်။

အဆိုပါမိုဒယ်လ်ကားများ၏ ယာဉ်မောင်းဘက်အခြမ်း တံခါးပေါက် ပါဝါခလုတ်များမှာ ကားထုတ်လုပ်စဉ်က ချောဆီထည့်ရာတွင် အချိုးညီညီထည့်သွင်းခဲ့ခြင်းမရှိသည့်အတွက် အသုံးပြုရာတွင် ပွတ်တိုက်မှုများဖြစ်ပွားခြင်း၊တခါတရံတွင် မီးခိုးများထွက်သည်အထိဖြစ်ပွားခြင်းမျိုးတွေ့ရကြောင်း တိုယိုတာကားကုမ္ပဏီကပြောကြားသည်။

တိုယိုတာကုမ္ပဏီက ပြန်လည်သိမ်းယူမည့်ကားစင်းရေး ၇ဒသမ ၄သန်းတွင် အမေရိကန်ပြည်ထောင်စုမှ ၂ ဒသမ ၄၇သန်း၊တရုတ်နှင့်ဥရောပ နိုင်ငံမှ ၁ ဒသမ ၃၉သန်းပါဝင်မည်ဖြစ်သည်။

၁၉၉၆ ခုနှစ်ကလည်း Ford ကားကုမ္ပဏီက ၎င်း၏ကားများတွင်ချွတ်ယွင်းချက်များတွေ့ရှိရခြင်းကြောင့် Ford ဖို့ဒ် ကားစင်းရေ ၇ ဒသမ ၉ သန်းထိပြန်လည်သိမ်းယူခဲ့သည်။

တိုယိုတာကုမ္ပဏီ၏ ယခုကဲ့သို့ကားအများအပြားကိုပြန်လည်သိမ်းယူခြင်းသည် ဖို့ဒ်ကားများပြန်လည်သိမ်းယူခဲ့သည့်နောက်ပိုင်း အများဆုံးသိမ်းယူမှုဖြစ်သည်။

တိုယိုတာကားကုမ္ပဏီသည် တိုယိုတာ Vitz ကားအပါအဝင် ၂၀၀၆ နှင့် ၂၀၀၈ ခုနှစ်ထုတ်တိုယိုတာကားစင်းရေ ၄၅၉၃၀၀ ကို ဂျပန်နိုင်ငံတွင်ပြန်လည်သိမ်းယူလျက်ရှိသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။