အဲဒီလိုနဲ့ ဆိုင်ကယ်မစီးနိုင်တဲ့အတွက် စက်ဘီးပဲ စီးနေကြတာတွေ ရှိနေပါသေးတယ်။ တစ်ချို့လည်း ဆိုင်ကယ်ကို လပေး ငှားစီးနေတာတွေ ရှိတယ်။
ပုံမှန်ဝင်ငွေ အသင့်အတင့် ရှိမယ် ဆိုရင် အဲလို ဒုက္ခတွေ အတွက် ခုတော့ စိတ်အေးနိုင်ပါပြီ။ မန္တလေးမှာ Suzuki ဆိုင်ကယ်နဲ့ Kaiser ဆိုင်ကယ် တို့ကို အရစ်ကျစနစ်နဲ့ ရောင်းချပေးမယ့် အကြောင်း ကုမ္ပဏီကြီးတစ်ခုက ဒီနေ့ပဲ မိတ်ဆက်လိုက်ပါတယ်။
မန္တလေး ၇၈လမ်းနဲ့ ၃၅လမ်း Swift ကုမ္ပဏီက ရောင်းပေးမှာ ဖြစ်ပါတယ်။
အစိုးရ၀န်ထမ်း ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်း ဖြစ်ဖြစ် သက်ဆိုင်ရာ မန်နေဂျာရဲ့ ၀ယ်ယူကြောင်း ထောက်ခံစာ ရတာနဲ့ ဘယ်သူမဆို ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
မန်နေဂျာကလည်း ထောက်ခံပေးလို့ ပြသနာတစ်စုံတစ်ခု ဖြစ်ခဲ့တယ်ဆိုရုံနဲ့ သူ့ကို တာဝန်မယူခိုင်းဘူးလို့ သိရပါတယ်။ ၀ယ်ယူတဲ့သူကိုဘဲ တိုက်ရိုက် အရေးယူမှာ ဖြစ်တယ်လို့ ကုမ္ပဏီပိုင်ရှင် ဦးနေလင်းဦးက ပြောပါတယ်။
ကုမ္ပဏီဝန်ထမ်းနဲ့ အစိုးရ၀န်ထမ်းများ၊ အသင်းအဖွဲ့မှာ လုပ်ကိုင်နေသူများကိုသာ ရောင်းချပေးမှာ ဖြစ်ပြီး အခြားသော သူများကို ရောင်းချမှု အစီအစဉ် မရှိသေးကြောင်း သိရပါတယ်။
အသင်းအဖွဲ့ဆိုရင်လည်း ရာထူးတာဝန် အကြီးဆုံးသူက ထောက်ခံပေးရမယ်လို့ သိရပါတယ်။
From- ဧရာဝတီ

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။