/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, October 13, 2012

.

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတွင် ဥက္ကဌနေရာ ရွှေးချယ်သွားနိုင်ဖွယ်ရှိ ဟုဆို


အောက်တိုဘာလ၁၄ ရက်တွင်စတင်ကျင်းပမည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမ အကြိမ်ပါတီညီလာခံ(၂၀၁၂)တွင် လစ်လပ်လျှက်ရှိသော ဥက္ကဌနေရာကို ရွှေးချယ်သွားနိုင်ဖွယ်ရှိသည်ဟုယင်းပါတီမှတာဝန်ရှိသူတစ် ဦးကပြောသည်။

“ဥက္ကဌသစ်ပြန်ရွေးမယ်လို့အတိအကျကြီးတော့ပြောလို့မရသေးဘူး။တကယ်လို့ရွေးဖြစ်ခဲ့မယ်ဆိုရင် ဥက္ကဌနေရာအတွက်ဖြစ်နိုင်ချေအများဆုံးက ဒုတိယဥက္ကဌ သူရဦးရွှေမန်းဖြစ်နိုင်တာပေါ့။ဦးရွှေမန်းအနေနဲ့ ဥက္ကဌနေရာယူလို့ တာဝန် အကြီးအကျယ်ပိုသွားနိုင်တာမှမဟုတ်တာ။

လက်ရှိလည်းပါတီဥက္ကဌ၊ဒု ဥက္ကဌတာဝန်သာမကဘဲ ပြည်သူ့လွတ်တော်ဥက္ကဌတာဝန်ကိုပါ ပူးတွဲလုပ်ကိုင်း နေတော့အတွေအကြုံလဲရှိပြီးသားပဲလေ။ကျွန်တော့်ပုဂ္ဂလိကအမြင်ကတော့ ရွေးဖြစ်ခဲ့ရင်ဦးရွှေမန်းဖြစ်သင့်တာပေါ့။ဒါပေမယ့် ဒီကိစ္စက may be လို့ပဲပြောလို့ရမယ်နော်။ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟုအကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော ကိုယ်စားလှယ်တစ်ဦး ကဆိုသည်။

သူရဦးရွှေမန်းပါတီဥက္ကဌဖြစ်ခဲ့ပါက ၎င်းတာဝန်ထမ်းဆောင်နေသည့်ဒုတိယဥက္ကဌနေရာ ကို လက်ရှိ ပါတီ၏အထွေထွေအတွင်းရေးမှုးဦးဌေးဦးကတာဝန်ယူလာနိုင်ဖွယ်ရှိကြောင်းအောက်တိုဘာလ ၁၃ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပထမအကြိမ်ပါတီညီလာခံ(၂၀၁၂) အကြိုညှိနှိုင်းအစည်းအဝေးပွဲသို့တက်ရောက်လာသော ကိုယ်စားလှယ်အချို့ကသုံးသပ်ပြောကြားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။