/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သူတွေ့ပါက ဥပဒေအရ အရေးယူမည်

ရခိုင်ပြည်နယ်တွင် မှတ်ပုံတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ''နောက်ကြောင်း ပြန်ပြောရရင် ၁၉၇၈ ခုနှစ်က နဂါးမင်း စစ်ဆင်ရေး တစ်ခါလုပ်ခဲ့ပါတယ်။ ဒါက သိပ်ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ထဲမှာ လူစိမ်း၊ သူစိမ်းတွေများ ရောက်နေသလား စစ်လိုက်တဲ့အခါမှာ လုပ်တယ်။ စစ်တော့ တချို့ကကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ အဲဒီမှာ ဟင်္သာစီမံချက်နဲ့ ပြန်လက်ခံတာ။ ဒီလိုလုပ်ငန်းတွေ ရှိခဲ့တယ်'' ဟု ပြောပါသည်။ ဆက်လက်၍ ''အခုလည်း ဒီလိုလုပ်ငန်းတွေလိုပဲ ပြဿနာဖြစ်တဲ့အခါမှာ စစ်တာပါ။ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၆၇ ခုမှာရှိတဲ့လူတွေနဲ့ ကျန်တဲ့စစ်လို့ရတဲ့ နေရာတွေ အကုန်လုံး ပြန်စစ်နေပါတယ်။ အတုတွေ့ရင် criminal case အနေနဲ့ သွားမှာပါ။ အတုကိုင်တာတို့ လိမ်လည်တာတို့ စတဲ့ကိစ္စတွေကို ရာဇသတ်ကြီးနဲ့ဆိုင်တဲ့ ပုဒ်မတွေအတိုင်း တရားစွဲဆို အရေးယူသွားမှာ ဖြစ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။