/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

ပရဟိတစာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည်လှူဒါန်း



အောင်ဇမူပရဟိတ စာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည်မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးကေတုမာလက မိန့်ကြားသည်။

ရေသန့်စက်၏ တန်ဖိုးမှ ကျပ်သိန်း ၁၅၀ ရှိပြီး ပညာရေးကဏ္ဍတွင် ဆရာ၊ဆရာမများအတွက် လစဉ်ထောက်ပံငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆရာတော်ကမိန့်ကြားသည်။

အဆိုပါ ကျောင်းမှ ဘုန်းတော်ကြီးကျောင်းနှင့် အောင်ဇမူလူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာတွဲဖက်ဖွင့်လှစ်ထားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူကြိုအဆင့်မှ အထက်တန်းအဆင့်အထိ သင်ကြားပေးပြီး၊ ယင်းအပြင် အတက်ပညာရပ်နှင့် ပတ်သတ်၍ ကွန်ပြူတာသင်တန်းအခြေခံ ဆေးဝါးကျွမ်းကျင်သင်တန်း၊ စက်ချူပ်သင်တန်း၊ စက်ပိုင်းနှင့် အီလက်ထရွန်းနစ် ပြုပြင်ခြင်းများကို သင်ကြားပေးနေခြင်းဖြစ်သည်။

“သင်တန်းက သုံးခုလောက်ပဲဖွင့်နိုင်သေးတယ်။ စက်ပိုင်းနဲ့ အီလက်ထရွန်းနစ်ပိုင်းမှာတော့ မဖွင့်နိုင်သေးဘူး” ဟုဆရာတော်ကမိန့်ကြားသည်။

အောင်ဇမူပရဟိတစာသင်တိုက်မှ ကော့မှူးမြို့နယ် ကားလမ်းနဘေး ဆင်ခြံကျေးရွာတွင် တည်ရှိသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။