/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြည်တွင်းတွင် တရားဝင်ရပ်တည်နိုင်ရန်အတွက် ပြည်လည်စုစည်းရေးကော်မတီကိုဖွဲ့စည်း

လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကို ပြည်တွင်းတွင်တရားဝင်ရပ် တည်နိုင်ရန်အတွက် ပြည်လည်စု စည်းရေးကော်မတီကိုဖွဲ့စည်းလိုက် ခြင်းဖြစ်ကြောင်း လူ့ဘောင်သစ်ပါ တီဝင်ဟောင်းတစ်ဦးဖြစ်ခဲ့သူကိုအေး ကိုကပြောသည်။

လူ့ဘောင်သစ်ပါတီကု ၁၉၉၈ ခုနှစ်နောက်ပိုင်းလူငယ်နှင့်ကျောင်း သားများစုပေါင်းကာ နိုင်ငံရေးပါတီ တစ်ခုအဖြစ်တရားဝင်ရပ်တည်ခဲ့ကြ ပြီး ၁၉၉၁ ခုနှစ်တွင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNUနှင့် ဆက်သွယ်ခဲ့သည်ဆိုပြီး ပါတီ ကိုဖျက်သိမ်းခြင်းခံလိုက်ရကာပြည် တွင်းပြည်ပနိုင်ငံအသီးသီးသို့ပါတီ ၀င်များပျံ့နှံ့သွားခဲ့ကြောင်းသိရသည်။

ပါတီဝင်များကိုစုစည်းကာ တ ရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ်ရပ် တည်နိုင်ရန်အတွက်စုစည်းခြင်းဖြစ် ကြောင်း၊ ယခုပြန်လည်စုစည်းရေး ကော်မတီကိုလူ့ဘောင်သစ်ပါတီဝင် ဟောင်း ၂၀ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။

ထိုကော်မတီကိုယခင်လူ့ဘောင် သစ်ပါတီ၏ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သည့်ကိုဇေယျကဦးဆောင် မည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိုပိုမိုမြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြား စေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဆိုလျှင်ကျန်နေ သေးသော နိုင်ငံရေးအင်အားစုများ လည်း ပိုမိုလုပ်ကိုင်လာနိုင်မည်ဟု ထင်မြင်မိကြောင်းကိုအေးကိုကပြော သည်။

ထက်ခေါင်လင်း

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။