/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အအေးဒဏ်ကြောင့် နာမကျန်းမှုများ ပိုမိုဖြစ်ပွားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးရှိ ၎င်း ကိုမဲပေးသူများကိုသာ အားပေးနေ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အအေးဒဏ်ကြောင့် နာမကျန်းမှုများ ပိုမိုဖြစ်ပွားလျက်ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးရှိ ၎င်း ကိုမဲပေးသူများကိုသာ အားပေးေ ပး ကာ မယောင်ရာ ဆီလူးနေကြောင်း သတင်းရရှိသည်။


မရောင်ရာ ဆီလူးနေသော ဒေါ်စု

ရခိုင်ပြည်နယ်အတွင်းရှိ အိပ်မက်ဆိုးတို့ ၏ ရလဒ်ကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်လျက် ရှိသည့် ဒုက္ခသည်စခန်း ၃၇ ခုတို့တွင် အများစုတို့မှာ မိုးရက်ဆက်ရွာသွန်းမှု ကြောင့်လည်းကောင်း၊ စခန်းများ၏ နေရာထိုင်ခင်းအရ လည်းကောင်း၊ အိပ်ရာအခင်းအကျင်းနှင့် အနွေးထည် လိုအပ်ချက်တို့ကြောင့် လည်းကောင်း အအေးမိဖျားနာခြင်း၊ ၀မ်းဖောဝမ်း ရောင်ခြင်းများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

"သူတို့ရဲ့ ကျန်းမာရေးအခြေအနေက အားရဖွယ်မရှိပါဘူး။ အထူးသဖြင့် အအေးမိတယ်၊ ဖျားနာတယ်၊ ၀မ်းဖော ၀မ်းရောင်ဖြစ်တယ်။ နွေးထွေးတဲ့ နေရာ ထိုင်ခင်းတွေ၊ အိပ်ရာအခင်းအကျင်း တွေ၊ အ၀တ်အထည်တွေကတော့ စခန်း အတော်များများမှာ လိုအပ်နေတာ တွေ့ရတယ်။ ၀မ်းရောဂါမဟုတ်ပေမယ့် ကလေးအများစုက အအေးထဲမှာ ဖိနပ် မစီးကြလို့ ၀မ်းပျက်တာမျိုးတွေရှိတယ်။

"စစ်တွေမြို့ပေါ်က သဲချောင်းနဲ့ သက္ကယ်ပြင် ဒုက္ခသည်စခန်းနှစ်ခုက ဘင်္ဂါလီလူမျိုးတွေဆိုရင် ကလေးငယ် ဦးရေက ပိုများတယ်။ ပြေးရင်းလွှားရင်း မွေးကြလို့ သက္ကယ်ပြင်စခန်းမှာ မွေး လူနာခန်းတောင် ထားပေးတာ တွေ့ရ တယ်"ဟု ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ ကျန်းမာရေးစောင့်ရှောက် မှုနှင့် ကျန်းမာရေးအသိပညာပေးရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရောက်ရှိနေသည့် တိုင်းရင်းဆေးပညာဦးစီးဌာန အဖွဲ့ဝင် ၂၀ ခန့်တို့၏ ခေါင်းဆောင်ဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သိန်း ဌေးက ပြောသည်။

အဆိုပါအဖွဲ့တွင် ပြည်နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနမှူး ဦးစိုးမြင့်၊ လက် ထောက် ညွှန်ကြားရေးမှူး ဦးေ၀၀င့်၊ စစ်တွေမြို့ တိုင်းရင်းဆေးရုံအုပ်တို့လည်း ပါဝင်ကြပြီး ဒေသတွင်းဒုက္ခသည်စခန်း များအား အနောက်တိုင်းဆေးပညာ ဆရာဝန်များ၊ တာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းလှည့်လည်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိရာ လတ် တလောအခြေအနေကို ဇွန်လ ၂၉ ရက် နေ့ နံနက်တွင်ဖုန်းဖြင့်ဖြေကြားခဲ့သည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေ ဖြင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက် ရန် အဖွဲ့နှစ်ဖွဲ့ခွဲလျက် ကွင်းဆင်းခဲ့ရာ တစ်ဖွဲ့လျှင် ရက်သတ္တနှစ်ပတ်စီ တာဝန် ယူ၍ ဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်း ရေးနှင့် ကျန်းမာရေး နှင့်အညီ နေထိုင် စားသောက်ရေး ပညာပေးလုပ်ငန်းများ ကိုပါ စနစ်တကျ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းနှစ်ခုဖြစ်သော သဲချောင်းရပ်တွင် အမျိုးသား ၆,၄၇၃ ဦး၊ အမျိုးသမီး ၇,၀၃၁ ဦး၊ စုစုပေါင်း ၁၃,၅၀၀ ခန့်ရှိပြီး သက္ကယ်ပြင်စခန်းတွင် ကျား+မ ၁၉,၀၀၀ ခန့်ရှိကြရာ စုစုပေါင်း ၃၃,၀၀၀ ခန့်ရှိ သည့်အနက် ကလေးသူငယ် ဦးရေမှာ များပြားလှကြောင်း၊ အလားတူပင် စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမျိုးများ ဒုက္ခသည်စခန်း ၁၇ ခုတို့တွင်လည်း အမျိုးသမီးနှင့် ကလေးသူငယ်တို့သာ အနေများကြကြောင်း၊ ထို့ကြောင့် ၀မ်းဖောဝမ်းရောင်နှင့် အအေးမိရောဂါ များအား ကြိုတင်ကာကွယ်နိုင်ရန် နွေးထွေးသော နေရာထိုင်ခင်းများ၊ အ၀တ်အထည်များ လိုအပ်လျက်ရှိ ကြောင်း သိရသည်။

"ကျွန်တော်တို့ တိုင်းရင်းဆေးအဖွဲ့မှာ တော့ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါ အ၀င် အနယ်နယ်အရပ်ရပ်က ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေ ပေးလှူ တဲ့ တိုင်းရင်းဆေးဝါးတွေ ပါလာကြပါ တယ်။ အ၀တ်အစားတွေ၊ ခေါက်ဆွဲ ခြောက်လို ရိက္ခာခြောက်တွေ ကတော့ အမြဲလိုနေဦးမှာပါ။ "စစ်တွေမြို့ထဲက ရခိုင်ဒုက္ခသည် စခန်းအများစုက ဘုန်းတော်ကြီးကျောင်း တွေဖြစ်လို့ ခုလို မိုးများ ချိန်မှာ မိုးလုံ လေလုံ အဆောက်အအုံတွေ များတယ်။ ဒါပေမယ့် ရာသီအေးတဲ့အတွက် ကလေး ငယ်တွေကလည်း ဖိနပ်မစီးနိုင်ကြတဲ့ အတွက် (သာသနာ့မြေအတွင်း) ၀မ်းဖောဝမ်းရောင်တွေကတော့ ရှိနေဦး မှာပဲ။ ဘင်္ဂါလီဒုက္ခသည်တွေအတွက် အခု ထပ်ပြီး တဲတွေ ဆောက်တဲ့ သဲချောင်း ကနေ သက္ကယ်ပြင်ကိုသွားတဲ့ လမ်း တစ်လျှောက်မှာ တန်းလျားရှည်ကြီးတွေတော့ ထပ်ဆောက်နေတာ တွေ့ရတယ်။ အဆောက်အအုံတွေရှိပေမယ့် နွေးထွေးဖို့ အခင်းအကျင်းတွေက လိုနေဆဲပါပဲ" ဟု ဦးကျော်သိန်းဌေးက ပြောသည်။

ရခိုင်ဒေသ ကူညီရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄၁၀ တို့မှ ကူညီ ကယ်ဆယ်ရေးအတွက် လှူတန်းလျှက် ရှိကြောင်း သိရပြီး ထိုစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ပေ။

ဒေါ်အောင်ဆန်းစုကြည် ဥရောပမှပြန်လာစဉ်ကလည်း ရခိုင်တိုင်းရင်းသား ၁၀၀ ခန့်က "ကုလားမ စုကြည် အလိုမရှိ" ဟု ရေးသားကာ ဆန္ဒပြခဲ့ကြသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။