/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

တရုတ်နယ်စပ်တွင်ခိုလှုံနေသည့် ကချင်ဒုက္ခသည်များ ရေနှင့်အစားအစာလိုအပ်နေ

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်းရှိ ကချင်ဒုက္ခသည်များအ တွက် စားနပ်ရိက်္ခာနှင့် သောက်သုံး ရေများလိုအပ်နေကြောင်း Human Right Watch အဖွဲ့၏ထုတ် ပြန်ချက်များအရသိရသည်။

ကချင်ဒုက္ခသည်များကိုယာယီ ခိုလှုံခွင့်ပေးရန်နှင့်ကုလသမဂ္ဂအပါ အ၀င်နိုင်ငံတကာအဖွဲ့အစည်းများမှ လည်း လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများပေးသည် ကို လက်ခံပေးရန် တရုတ်နိုင်ငံအစိုး ရသို့မေတ္တာရပ်ခံကြောင်းအဆိုပါအ ဖွဲ့၏ လက်ထောက်ညွှန်ကြားရေး မှူးဖြစ်သူ Sophle Richardson ကထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပသောကချင်ဒုက္ခသည်များ၏ အခြေအနေကိုအစီရင်ခံစာထုတ်ပြန် သည့်ပွဲတွင်ရှင်းလင်းပြောကြားသည်။

ယူနန်နယ်တွင်ခိုလှုံနေကြသည့် ကချင်ဒုက္ခသည်များသည် သောက် သုံးရေအလုံအလောက်မရှိခြင်းများ၊ နေရာထိုင်ခင်းမလုံလောက်ခြင်းများ နှင့် ဆေးဝါးအခက်အခဲများကြုံတွေ့ နေကြရကြောင်း၊ အဆိုပါယူနန်နယ် တွင် ကချင်ဒုက္ခသည်တစ်သောင်း ကျော်ရှိကြောင်း၊ ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံတို့တွင်ကချင်ဒုက္ခသည် ပေါင်း ခုနစ်သောင်းငါးထောင်မျှရှိ နိုင်မည်ဟု ခန့်မှန်းကြောင်းအဆိုပါ အဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ထက်ခေါင်လင်း

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။