/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

ဒေါ်အောင်ဆန်းစုကြည်မပါ ပဲ အခြားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၁၀ ဦး မှ ရခိုင်ဒုက္ခသည်များကို အကူအညီပေးမည်



ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ ရာ့ ၁ဝ ဦးဟာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ အတွက် အကူအညီတွေ ပေးအပ် လှူဒါန်းမယ်လို့ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တဦးစီက သူတို့ရဲ့ ၃ ရက်စာ နေ့တွက် စရိတ်တွေကို ထည့်ဝင် လှူဒါန်းကြမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က အခြေအနေတွေကို လေ့လာဖို့ အတွက် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၊ ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ်ကို စေလွှတ်မယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက ကြားဖြတ်အရေးပေါ် အစီအစဉ် အဖြစ် ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၄၃၁ ဦး ရှိပြီး ကိုယ်စားလှယ်တဦး အတွက် နေ့တွက်စရိတ် ကျပ်တသောင်း သတ်မှတ်ထားပါတယ်။ အလှူငွေ တိုးပြီး ထည့်ဝင်လိုတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ထပ်ဆောင်း လှူဒါန်း နိုင်တယ်လို့လည်း သိရပါတယ်။

ရခိုင်ဒေသကိုယ် လှူတန်းမည့်လွှတ်တော်အမတ်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူးလို့ သတင်းရရှိပါတယ်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။