/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, July 6, 2012

.

လွှတ်တော်မတက်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံများတွေ့ဆုံ



ပြည်သူ့လွှတ်တော်မတက်မီ ဒေါ်အောင်ဆန်းစုကြည် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များအား စိတ်ဝင်စားစွာ နားထောင်ခဲ့သည်ကို တွေ့ရသည်။

ကော့မှူးမြို့နယ် အောင်ဇမူပရဟိတကျောင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပရဟိတကျောင်းသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ကော့မှူးဒေသရှိ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို ဖြေရှင်းပေးသွားနိုင်ရန်စီစဉ်ထားပြီး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်အကိုင်ရရှိရေးကိစ္စများကိုရေရှည်လုပ်ကိုင်သွားနိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အလုပ်အကိုင်ရရှိဖို့အတွက်ဆိုတာ ပညာရပ်တွေတက်မြောက်ထားမှ အဆင်ပြေမှာ။ ပညာတက်တွေဖြစ်အောင် လုပ်ဖို့လည်း လိုအပ်တယ်” ဟုသူမကပြောသည်။

“လမ်းပန်းဆက်သွယ်ရေးကိစ္စက မိုးတွင်းမှာတော့ ရေတိုဖြေရှင်းရမှာပါ” ဟု သူမက ဆက်ပြောသည်။

မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီစဉ်ထားကြောင်း ကော့မှူးမြို့နယ် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကော့မှူးမြို့နယ်တွင် ကျေးရွာပေါင်း နှစ်ရာကျော်ရှိပြီး လူဦးရေမှာ ခုနှစ်သောင်းကျော်ရှိသည်။

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။