/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 28, 2012

.

ရှုခင်းသာ အပန်းဖြေစခန်း အဆင့်မြှင့်မည်

သာကေတမြို့ရှိ ရှုခင်းသာ အပန်းဖြေစခန်းကို ပြန်လည်ပြုပြင် တည်ဆောက်တော့မည်ဟု စည်ပင်သာယာမှ သတင်းရရှိသည်။

ရှုခင်းသာအပန်းဖြေ နားနေစခန်းအတွင်းရှိ ရေကူးကန်၊ ရေလွှာလျှောစီးနှင့် ရဟတ်အပါအဝင် အပန်းဖြေ အားကစားပစ္စည်းများမှာ ဟောင်းနွမ်းနေသည့် အတွက် ခေတ် စနစ်နှင့်အညီ ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သာကေတရှုခင်းသာ အပန်းဖြေစခန်း အုပ်ချုပ်ရေးမှူး ဦးဝင်းကိုက ”ပန်းခြံကို ပြန်ပြင်ဖို့ အစည်းအဝေး လုပ်နေပါတယ်။ အစည်းအဝေးက မပြတ်သေးတဲ့ အတွက် ဘယ် အချိန် ဘယ်ကာလမှာ စတင်အကောင်အထည် ဖော်မယ်နဲ့ ဘယ်အပိုင်းတွေကို စလုပ်ဖြစ်မယ်လို့ အတိအကျ မပြောနိုင်သေးဘူး။ နောက်လဆန်းပိုင်း လောက်တော့ စဖြစ်နိုင် လောက်မယ်”ဟု ပြောသည်။

သာကေတ ရှုခင်းသာ အပန်းဖြေစခန်းအား ခေတ်စနစ်နှင့်အညီ ပြန်လည်ပြုပြင်ပြီးပါက ၁၅ နှစ်ကျော်ကာလက ကန်ထရိုက်စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဘဏ္ဍာရေး ဆိုင်ရာ ငွေကြေးများကို တိုးမြှင့်၍ ပြောင်းလဲသတ်မှတ် သွားမည်ဟု စည်ပင်သာယာရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သာကေတရှုခင်းသာ အပန်းဖြေစခန်းသည် မြို့တွင်းခြောက် မြို့နယ်တွင် နေထိုင်သူများအပြင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ယုဇနအိမ်ရာ၊ သန်လျင်၊ ကျောက်တန်းနှင့် ခရမ်းသုံးခွစသည့် မြို့နယ်များတွင် နေထိုင်သူများပါ လာရောက် အပန်းဖြေနိုင် သည့် ယာဉ်ဆက်သွယ်မှု လမ်းကြောင်းပေါ်တွင် ရှိသည်။

ဝေမာထွန်း

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။