/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 28, 2012

.

ပြခန်းအချို့တွင် ရောင်းရန်ကား ပြတ်လပ်

ရန်ကုန်မြို့ရှိ ကားအရောင်း စင်တာ အချို့တွင် မော်တော်ယာဉ် များ ပြတ်လပ်လျက် ရှိကြောင်း သတင်းရရှိသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မော်တော် ယာဉ်သွင်းကုန် ပါမစ်စောင့်ဆိုင်း နေရခြင်းကြောင့် ဖြစ်သည်ဟု ယင်း အသိုင်းအဝိုင်းက ပြောသည်။

”ပါမစ်ကို ကုန်သွယ် ဦးစီးမှာ တင်ထားတာ တစ်လကြာပြီ၊ အခုထိမကျ သေးတော့ ပြခန်းမှာ ကားတွေ ပြတ်နေတယ်။ ရောင်းဖို့ ကားအစုံ မရှိတော့ဘူး” ဟု ဆာကူရာ ကားအရောင်း စင်တာမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ အရောင်း စင်တာများ သွင်းကုန်ပါမစ် ပြန်လည် လျှောက်ထားရာတွင် ပထမအကြိမ် တင်သွင်းသော ကားများမှ ၅ဝ ရာခိုင်နှုန်း ရောင်းချ ပြီးမှသာ နောက်တစ်ကြိမ် ပြန် လည် လျှောက်ထား ခွင့်ပြုထားကြောင်း ၄င်းကပြောသည်။ ထိုသို့ လျှောက်ထားရာတွင် အရောင်းစင်တာ များသို့ ရန်ကုန်တိုင်းဒေသကြီး ကုန်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနမှ လာရောက် စစ်ဆေးကြပြီး တစ်လခန့် ကြာသော်လည်း ကားတင်သွင်းခွ င့်ပါမစ် ပြန်လည် ချထားပေးခြင်း မရှိကြောင်း မော်တော်ယာဉ် အရောင်းစင်တာ များ အသိုင်းအဝိုင်း က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရာတွင် ပြည်ပသို့ ငွေပြန်လည် ပေးပို့ခြင်း စသည့် ဘဏ်စည်းမျဉ်းစည်းကမ်း များ ပြန်လည် တင်ပြ နေရသဖြင့် သွင်း ကုန်ပါမစ် တစ်လကျော် ကြာမြင့်နေရ ခြင်းဖြစ်သည်ဟု သိရကြောင်း ဆာကူရာ ကားအရောင်း စင်တာမှ တာဝန် ရှိသူ တစ်ဦးကပြောသည်။

ဧပရယ်ဦး

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။