/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 28, 2012

.

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း


၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။

ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၉၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ပါတီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချစ်ခြင်း မုန်းခြင်းမရှိဘူး ဘယ်သူ့အပေါ်မှ အာဃာသ မထားဘူး အဲ့တော့ ကျွန်တော်တို့ပါတီအပေါ်ကို ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးသာဖြစ်တယ် ဒါပေမဲ့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေတာတွေရှိတယ်လို့ ဦးဥာဏ်ဝင်းက မော်နီတာဂျာနယ်မှာ ပြောထားတယ် အဲ့ဒါကြောင့်မို့ တရားစွဲဖို့ ဖြစ်လာတာ” ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးတင်ရီက ပြောသည်။

အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ တရားစွဲဆိုခြင်းကို မသိရှိရသေးသော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သိရှိရသည်။

“တရားရုံးက လက်ခံတယ်ဆိုပေမဲ့ တရားရုံးမှာ အဆင့်တွေ အများကြီးရှိသေးတယ် ဘယ်အဆင့်ကိုလွှဲပါဆိုတာ တစ်ချို့က နားမလည်ဘဲနဲ့လက်ခံတယ်ဆိုတာ ပြောတတ်တယ် အန်ကယ်မသိဘူး အန်ကယ်ပြောချင်တာက အန်ကယ်တို့ ဘာပြစ်မှုမှ မကျူးလွန်ဘူး အန်ကယ်အမှန်အတိုင်းပဲ ပြောခဲ့တယ် ဖြစ်လာသမျှကိုလဲ အန်ကယ်တို့အနေနဲ့ ရင်ဆိုင်သွားမယ်” ဟု အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။

လာမည့် ၂၀၁၂ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဗဟန်းမြို့နယ် တရားရုံးမှ အမှုဆက်လက်တင်သင့် ၊ မသင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ)

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။