၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ် များ တွင် ယခု ဆောက် လုပ် မည့် မဏ္ဍပ် နေရာ နှင့် မနီးမဝေး တွင်ပင် ဖြစ်သည် ဟု သူ၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
၂၀၁၀ ခု နှစ် သင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း တွင် နှစ်သစ် ကူးကာလ ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ရာ လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။
ယခင် နှစ်က နေရွှေသွေးအောင် ၏ မဏ္ဍပ် ကို ဦးဇော်ဇော် ၏ Max Myanmar က တာဝန် ယူဆောက် လုပ်ပေး ခဲ့ ပြီး ယခု နှစ် အတွက် မည် သူ က ဆောက် လုပ် ပေး သည် ဆိုသည် ကို မူ သတင်းပေး သူ က မသိရှိ ရ သေး ဟု ဆိုသည်။
ယခု သတင်း နှင့် ဆက်စပ် သတင်း မှာ ဧပြီလ ၁ ရက်နေ့  ကြားဖြတ် ရွေးကောက် ပွဲ တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် မိသား စု လည်း မဲပေး မည် ဟု သိရသည်။
ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်း က အမေရိကန် ပြည်ထောင်စု အခြေစိုက် Wall Street Journal နှင့် တွေ့ ဆုံ ရာ တွင် ဗိုလ်ချုပ်မှုးကြီး စာ ဖတ် နေသည် ဟု ဆိုသည်။
မူရင်းလင့်က ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။