/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, March 28, 2012

.

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အရေးပေါ် ညီလာခံ ကျင်းပ သတင်းစာဆရာ များအသင်း၊ စာရေးဆရာများ အသင်းနှင့် ပုံနှိပ်ထုတ်ဝေ သူများအသင်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်း


မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ အရေးပေါ် ညီလာခံတွင် စာရေးဆရာများ အသင်း၊ သတင်းစာ ဆရာများ အသင်းနှင့် ပုံနှိပ် ထုတ်ဝေဖြန့်ချိ သူများ အ သင်း ဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ သူနာပြု တက္ကသိုလ် ခန်းမဆောင်၌ မတ်လ ၂၄ ရက် က ပြုလုပ်သော အရေးပေါ် ညီလာခံ တွင် အထက်ပါ အသင်း အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်၍ ညီလာခံ တက်ရောက်လာသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကိုယ်စားလှယ် များ၏ သဘောထား ကိုယူကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

”ပြောင်းလဲ ဖွဲ့စည်းသွားမယ့် သက်ဆိုင်ရာ နယ်ပယ် အလိုက် အသင်းများမှ တစ်ဆင့် အနာဂတ်မှာ ပိုမို စနစ်ကျသော ပိုမို အင် အားကောင်း မွန်သော မီဒီယာ ဖက်ဒရေးရှင်းကြီး တစ်ခု ဒါမှမဟုတ် အသင်းချုပ်ကြီး တစ်ခုကို ပူးပေါင်း အကောင်အထည်ဖော် ရပ်တည်နိုင်အောင် ကြိုး စား ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကနဦး အဆင့်မှာ အခြေခံ ခိုင်မာ တောင့်တင်းသော အသင်းများ ပေါ်ပေါက် လာရေးအတွက် စည်းစနစ် ကျနသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲ အတည်ပြုနိုင်ရေး၊ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ဖွဲ့စည်း သွားနိုင်ရေး တို့ဟာ အရေးကြီးသော လုပ်ငန်းစဉ်များ ဖြစ်ကြောင်း မှာကြား လိုပါတယ်” ဟု အရေးပေါ် ညီလာခံတွင် တက်ရောက်နှုတ်ခွန်းဆက် စကား ပြောကြားသော ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း က ပြောသည်။

ထို့အပြင် ဝန်ကြီး ဦးကျော်ဆန်း က ခေတ်စနစ်နှင့် အညီ ပြုပြင် ပြောင်းလဲလို၍ ယင်းကဲ့ သို့ မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အရေးပေါ် ညီလာခံ ခေါ်ယူခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ဖွဲ့စည်း လိုက်သော မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဖြစ်မြောက်ရေး ကော်မတီတွင် နာယက အဖြစ် စာရေးဆရာ မောင်ဝံသ၊ ဦးကိုကိုလှိုင်နှင့် ဦးဝင်းငြိမ်းတို့က ဆောင်ရွက်မည် ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် သတင်းစာ ဆရာကြီး ဖိုးသောကြာ (ခေတ်+မိုး)၊ ဒုတိယ ဥက္ကဋ္ဌများ အဖြစ် ဦးသီဟစော၊ ရိုက်တာ သတင်း ထောက် ဦးအောင်လှထွန်း၊ အတွင်း ရေးမှူး အဖြစ် ဦးကိုကို (ကိုကို-စက် မှုတက္ကသိုလ်)နှင့် တွဲဖက် အတွင်းရေးမှူးများ အဖြစ် ဦးဖိုးနိုင်လင်းနှင့် မဇ္ဈိမ သတင်းဌာနမှ ဦးစိန်ဝင်းတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာရေးဆရာများအသင်းဖြစ်မြောက်ရေး ကော်မတီတွင် ဦးစီးနာယကအဖြစ် စာရေးဆရာ လယ်တွင်းသားစောချစ်၊ မောင်ခင်မင် (ဓနုဖြူ)၊ မနုဿ ကျော်ဝင်း၊ ဥက္ကဋ္ဌအဖြစ် ခင်မောင် ထွန်း (လမ်းမတော်) တို့နှင့် ဖွဲ့စည်းခဲ့ကြောင်း၊ ပုံနှိပ်ထုတ်ဝေ သူများ အသင်းဖြစ်မြောက်ရေး ကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် ဦးချစ်နိုင် (ချစ်နိုင်- စိတ်ပညာ)၊ အဖွဲ့ဝင်များ အဖြစ် မောင်မျိုး(ကြောင်နှစ်ကောင်)၊ ဒေါ်နန်းအိအိဇာ၊ ဦးစန်းဦး(စိတ်ကူးချိုချို) တို့ ပါဝင်ကြောင်း သိရသည်။ ယင်းအပြင် ညီလာခံ၌ သင်းဖွဲ့စည်းမျဉ်း ဥပဒေ မူကြမ်းပါ အတည်ပြု ခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်း သုံးသင်းအား သုံးလ အတွင်း ပေါ်ပေါက်ရန် ကြိုးစားသွားမည် ဖြစ်ပြီး အသင်း တစ်ခုချင်းစီအား ဒီမိုကရေစီ နည်းကျ ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။ ”သုံးလအတွင်း ဒီဖြစ်မြောက်ရေး အဖွဲ့တွေက ဦးဆောင်ပြီး လုပ်ပေးမှာပါ။ သုံးလ မဟုတ်ဘဲ တစ်လ တည်းနဲ့ လည်း အသင်းတွေ ပေါ်လာ နိုင်ပါတယ်” ဟု စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူး ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်) က ပြောသည်။

မိုးမြင့်မြတ်

မူရင်းလင့်က ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။