/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 23, 2012

.

MRTV ကို ၀န်ကြီးဦးကျော်ဆန်း နှင့် Forever Company ကသိမ်းပိုက်ထား



"MRTV-4 အမည်ခံနှင့်ထုတ်လွှင့်နေတဲ့ Forever Company မှာ ၀န်ကြီး ဦးကျော်ဆန်းရဲ့ရှယ်ယာတွေအများဆုံးပါဝင်နေကြောင်းသိရပါတယ်။

ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း ဟာ မြန်မာ့အသံဝန်ထမ်းတွေကို တပ်ကုန်းမြို့ ပို့ပြီး ရန်ကုန် - ပြည်လမ်းပေါ်က မြန်မာ့အသံရုံးကြီးကတော့ သူပိုင်တဲ့ Forever Company ရုံး အဖြစ်အသုံးပြုနေတယ်လို့ MRTV ၀န်ထမ်းတဦးက Myanmar News Now ကိုပြောပါတယ်။

ရုံးဝင်းထဲကအဆောက်အအုံတွေကိုလည်း ငှားစားထားသလား ၊ ရောင်းစားထားသလားသေချာမသိရ သေးပေမယ့် Forever Company ကပဲ အဲဒီအဆောက်အဦးတွေကို ချယ်လှယ်နေတယ်လို့ လည်း သိရပါတယ်။

Forever Company က CEO ဆိုသူ ဦးဝင်းမော် ကလည်း ၀န်ကြီးဦးကျော်ဆန်း ကျောထောက်နောက်ခံနဲ့ MRTV က DG အပါအ၀င် ညွှန်မှူးအားလုံးကို အမိန့် ပေး ခိုင်းစေနေတယ်ပါတယ်။

MRTV က ညွှန်မှူးတွေဟာ ကိုယ့်ဝန်ထမ်းတွေကို ကိုယ်ကနှိပ်ကွပ်ရုံမက အပြင်Company ကပါ အနိုင်ကျင့်နေတာမြင်လျက်နဲ့ မျက်နှာလွှဲနေကြတဲ့ အကြောင်းလည်း MRTV ၀န်ထမ်းက ပြောပါတယ်။

အခုနောက်ဆုံးဖြစ်ရပ်ကတော့ မြန်မာ့အသံဝင်းအတွင်းက အပျိုဆောင်(၂)ဆောင်နေရာမှာ Forever Company က MMTC သင်တန်းကျောင်းဆောက်ချင်လို့ဆိုပြီး အပျိုဆောင်က၀န်ထမ်းတွေကို နယ်နှင်ဒဏ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

အဆောင် အစားပြန်ဆောက်ပေးထားတယ်ဆိုပေမယ့် ချောင်ထဲမှာပဲ ပြန်ဆောက်ပေးထားတာပါ။ ဒါပေမယ့် အပျိုတစ်ယောက် နေဖို့ရတဲ့ နေရာက (၄)ပေသာသာပဲ ရှိပါတယ်။ တကယ်တော့ မြန်မာ့အသံဝန်ထမ်းတွေဟာ အစိုးရလက်ကိုင်တုတ်ရယ်လို့ ပြည်သူကလည်းမုန်း ၀န်ကြီးကလည်း မျက်နှာသာမပေးတဲ့အပြင်Forever Company ကလည်း အရေးမစိုက်၊ ထင်ရာလုပ် ညွှန်မှူးများကလည်း မျက်မမြင်နားမကြား လုပ်နေတာကိုခံနေရတဲ့ အကြောင်း MRTV ၀န်ထမ်းက Myanmar News Now ပြောပြပါတယ်။

သစ်ထူးလွင် (Myanmar News Now)

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။