/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 23, 2012

.

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ်

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို ကြိုဆိုဖို့ ဒေသခံတွေက ပြင်ဆင်နေကြပါတယ်။ ခရီးစဉ်ကြိုဆိုရေးအတွက် လက်ကမ်းကြေညာစာ၊NLD အလံငယ်၊ NLD အလံစတစ်ကာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံများကို လူထုအကြား ဖြန့်ဝေခဲ့ပါတယ်။ (Photo Courtesy - ဥက္ကာမိုး)
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

မနက်ဖြန်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ် အချိန်ဇယား 
၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ကျေးရွာတွင် ၄၅ မိနစ်ခန့် ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။ 

၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။ 

၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ် ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။ 

၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။ 

အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။ 
ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။