/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 23, 2012

.

ဒေါ်အောင်ဆန်းစုကြည် နမ္မတီး မြို့ တွင် မိန့် ခွန်းပြော

422606_347887988584279_100000892420790_1035341_1759065555_n

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အရ ကချင် ပြည်နယ် မြစ်ကြီး နား မြို့  လေဆိပ် သို့ ယနေ့ နံနက် ၁၁း၅၀ အချိန် တွင် ရောက် ရှိ သွား သည့် ဒေါ်အောင်ဆန်း စုကြည် အား မြစ်ကြီး နား မြို့ ခံ များ က လေဆိပ် မှ အထွက် မှာ ပင် သောင်းသောင်း ဖျဖျ လာ ရောက် ကြို ဆို သည် ဟု FNG မှ သတင်း ရရှိ သည်။

ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ မိုးကောင်း မြို့  သို့  ဆက်လက် ထွက် ခွာ သွားပြီ ဖြစ်ပြီး မနက် ဖြန် တွင် မြစ်ကြီး နား မြို့ တွင် ဒေသခံ ပြည်သူ လူထု နှင့် တွေ့ ဆုံ ဟော ပြော မည် ဟု သတင်းရရှိ သည်။

ဒေါ်အောင်ဆန်း စုကြည်သည် ရန်ကုန် နိုင်ငံ တကာ လေဆိပ် မှာ နေ ၍ နံနက် ၈ နာရီ တွင် လေ ယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ထွက် ခွာ သွား ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည် ကချင် ခေါင်းဆောင် များ နှင့် တွေ့ ဆုံမည် ဖြစ်သည်။

၈၈ မျိုးဆက် အဖွဲ့ မှ ကျောင်းသား ခေါင်းဆောင် များ သည် လည်း ယနေ့ နေ့ လည် ၁ နာရီ ၄၅ မိနစ် လေယာဉ် ဖြင့် မြစ်ကြီးနား မြို့  သို့ ဆက်လက် ထွက် ခွာ သွား ပြီ ဖြစ် ပါသည်။

မြစ်ကြီးနား မှ နမ္မတီး သို့  လိုက်ပါ ပို့ ဆောင် သည့် ဒေသခံ များ ၏ ကား စီးရေ ၁၀၀ ကျော် ရှိ သည် ဟု သိရသည်။

ဆားမှော် နှင့် ဟိုပင် မြို့ နယ် မှ ပြည်သူများ က ဒေါ်အောင်ဆန်းစုကြည်ကို မိုးကောင်း မြို့ နယ် တွင် လာရောက် ကြိုဆိုကြသည်။ ဒေါ်အောင်ဆန်း စုကြည် သည် နမ္မတီး မြို့  သို့  ယခု ရောက်ရှိ သွား ပြီ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နမ္မတီး မြို့တွင် ပြည်သူ လူထု ကို ပြောသည့် မိန့် ခွန်း ဉ် ဒီမိုကရေစီ ပြုပြင် ပြောင်း လဲ ရေး တွင် သမ္မတကြီး ပါ ပါဝင် လာ ခြင်း အတွက် အထူး ကောင်း မွန် ကြောင်း ပြော ဆို ခဲ့ သည်။
http://freedomnewsgroup.com/2012/02/23/campign-tour/

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။