/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 23, 2012

.

ဆန္ဒပြအလုပ်သမား တစ်ချို့အလုပ်ပြန်ဆင်းမည်၊ အများစုက ၀ါဏိဇ္ဖခုံရုံးတင်ရန် သဘောတူ

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင် ညှိနှိုင်းသဘောတူညီမှုအပေါ်တွင် အချို့အလုပ်သမားများ က လက်ခံကာ မနက်ဖြန်မှ စပြီးအလုပ်ပြန်ဆင်းမည်ဖြစ်ကာ အများစုမှာ ညှိနိုင်းချက်ကိုလက်မခံသဖြင့် ၀ါဏိဇ္ဖပဋိပက္ခ ခုံရုံးသို့ တင်သွင်းတောင်းဆိုသွားမည်ဖြစ်သည်။

“အခုဆန္ဒပြနေတာ ၀န်ထမ်းအားလုံးပေါင်း ၁၈၆၀ ရှိတယ် အဲဒီအထဲမှာအမျိုးသမီးက ၁၈၀၀ လောက်ရှိတယ် ၀ါဏိဇ္ဖလိုင်းကိုတက်နေမယ် ဒီလိုကြာနေမယ်ဆိုရင်သူတို့ ရဲ့စားဝတ်နေရေး သူတို့ရဲ့ဘ၀လုံခြုံရေးအတွက် ဘယ်သူက အာမခံမှာလဲ” ဟု ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းသိန်းက ပြောသည်။  

ယနေ့ နံနက်ပိုင်း ညှိနှိုင်းမှုအရ တိုင်ရီဖိနပ်စက်ရုံဘက်မှ ရက်မှန်ကြေး တစ်ထောင်တိုးပေးလိုက်ပြီး လုပ်ခလစာမှာမူ ယခင် တိုးပေးခဲ့သည် တစ်နာရီလျှင် တစ်ရာကျပ်နှုန်း ဖြင့်သာ သဘောတူခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တစ်နာရီလျှင် ၁၅၀ ကျပ် နှင့် ရက်မှန်ကြေး ရှစ်ထောင်တောင်းဆိုခဲ့ရာတွင် ယခုသဘောတူညီချက်အရ ရက်မှန်ကြေး ၇၀၀၀ ရမည်ဖြစ်သည်။ ထို့အပြင် ဆန္ဒပြသည့်ရက် များအတွက် နေ့ကြေး ပေးရန် အလုပ်ရှင်က သဘောတူသည်ဟု လည်းသိရသည်။

“တော်တော်တက်လာပါတယ် အရင်တုန်းက လူသစ်တစ်ယောက်ရဲ့လစာက လေးသောင်းကျော် ငါးသောင်းလောက်ဘဲရှိတယ်။ အခု ခုနှစ်သောင်း နှစ်ထောင့်ရှစ်ကျပ် ဆိုတော နှစ်သောင်းလောက်တက်တယ်” ဟု စုစုပေါင်းရရှိမည့် လစာအခြေအနေအပေါ် ကိုမျိုးမင်းသိမ်းက ဆက်လက်ရှင်းပြသည်။ 

အဆိုပါညှိနိုင်းချက်အား လက်ခံသဘောတူသည့် ဆန္ဒပြအလုပ်သမား ငါးရာခန့် မနက်ဖြန် အလုပ်ပြန်ဆင်းမည်ဖြစ်သည်။ သဘောမတူသည့် အလုပ်သမ တစ်ထောင်ကျော်က ၀ါဏိဇ္ဖခုံရုံးသို့ တင်သွင်း တောင်းဆိုသွားမည်ဖြစ်သည်။

 လုပ်သားခေါင်းဆောင် ကိုမျိုးမင်းသိန်းက အလုပ်ရှင်နှင့် ညှိနှိုင်းသည့် ရလဒ်ကိုရှင်းပြနေစဉ် 
(ဖေဖေါ်ဝါရီ ၂၂ ရက်နေ့)

 ယခင် လုပ်ခနှုန်းထားဖြင့်ဆိုပါက ၂၅ ရက်ဆင်းသည့် လတွင် အလုပ်သမားတဦး၏ လစာမှာ ကျပ် ၅ သောင်းခွဲကျော်ရှိပြီး ယနေ့ သဘောတူညီလိုက်သည့် နှုန်းအရဆိုလျှင် ကျပ် ၆ သောင်း ၉ထောင်ကျော် ရှိမည်ဖြစ်သည်။

 ဆန္ဒပြအလုပ်သမားအရေးဆောင်ရွက်နေသည့် ရှေ့နေ ကိုဖိုးဖြူက “ဆင်းရက် ၂၆ ရက်ထဲမှာစက်ရုံကပိတ်ခဲ့ရင် အိုဗာတိုင်ကြေးကျွန်တော်တို့ရမှာလည်းမဟုတ်သလို တာဝန်ကြေကြေး ၄၅၀ လည်းရမှာမဟုတ်ဘူး အဲဒီအတွက် တစ်ရက်ကို ၁၃၂၂ ကျပ် လျော့တာတော့လျော့မြဲဘဲ အဲဒီအတွက်အလုပ်သမားအများစုက သဘောမတူဘူး အခုဘာလုပ်ကြမလဲဆိုရင် ၀ါဏိဇ္ဖမဋိပက္ခ ကိုတင်သွင်းလို့လုပ်နေတယ်”ဟု YPI သို့ ပြောသည်။ 

အချို့အလုပ်သမားများကမူ ၀ါဏိဇ္ဖခုံရုံးမှကြာနာချိန်ကြာမြင့်မှု အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိရသည်။ “၀ါဏိဇ္ဖဆိုတာဘာလဲမသိဘူး ကြာနေရင် ဘယ်လိုလုပ်မလဲ”ဟုအမည်မဖော်လိုသူ ဆန္ဒပြ အလုပ်သမတစ်ဦးက ပြောသည်။

 ကြားနာချိန် ကြာမြင့်နိုင်မှုအပေါ် အလုပ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေဖိုးဖြူက “တစ်ချို့အမှုတွေဆိုရင် နှစ်ပါတ်နဲ့ ဆုံးဖြတ်တာရှိတယ် တစ်ချို့အမှုတွေဆိုရင် သုံးပါတ်နဲ့ဆုံးဖြတ်တာရှိတယ် အဲဒီဆုံးဖြတ်ချက်ကို မကြေနပ်ဘူးဆိုရင် ၁၅ ရက်အတွင်းအယူခံတင်သွင်းခွင့်ရှိပါတယ်”ဟုခန့်မှန်းပြောကြားသည်။

 တရုတ်နှစ်သစ်ကူး ပိတ်ရက်အပေါ် လုပ်ခမပေးခြင်းမှ စတင်ခဲ့သည့် တိုင်ရီအလုပ်သမများ ဆန္ဒပြနေသည်မှာ ယနေ့ ဆိုလျှင် ၁၇ ရက်မြောက်ရှိပြီဖြစ်သည်။ ။ 


 ဖေဖေါ်ဝါရီ ၂၂ ရက်နေ့ တိုင်ရီစက်ရုံရှေ့မှ ဆန္ဒပြ အလုပ်သမားများ 

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။