/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 2, 2015

.

အစိုးရအဖွဲ့ မအား၍ လွှတ်တော် မကျင်းပနိုင်သည့် သဘောမျိုး တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြောဆိုမှုကို လက်မခံ နိုင်ကြောင်း ဒေါက်တာ ညိုညိုသင်းပြော



ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ မအား၍ တိုင်းလွှတ်တော် မကျင်းပနိုင်သည့် သဘောမျိုး ဖြေ ရှင်း ခဲ့သော တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ၏ ဖြေရှင်း ချက်သည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဒီဇင်ဘာ လ ၃၁ ရက်တွင် မြန်မာ သံတော်ဆင့် သို့ ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် လူမှုရေး အဖွဲ့အစည်းများ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ စဉ် ဒေါက်တာညိုညိုသင်းက ၄ နှစ်အတွင်း ၇၆ ရက်သာ ကျင်းပပြီး ချီးမြှင့်ငွေ တစ်လကျပ် ၂သိန်း ယူနေရခြင်းအပေါ် ရှက်မိကြောင်း ပြောကြားခဲ့ရာ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက အစိုးရ အဖွဲ့ဝင်များ မအားသည့် အတွက်ကြောင့်ဟု ဖြေရှင်းခဲ့မှုအပေါ် ယခုကဲ့သို့ တုံ့ပြန် ပြောဆို လိုက်ခြင်း ဖြစ် သည်။

““ဥက္ကဋ္ဌကြီး ပြန်ဖြေတဲ့ သဘောက ဒီလိုပဲလေ။ ၉ ဦးက အစိုးရအဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက်ကြောင့် အစိုးရ အဖွဲ့ဝင်တွေ မအားတဲ့ အတွက်ကြောင့် မတက်နိုင်ဘူးဆိုတာက ရန်ကုန်တိုင်းအတွက်တော့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလေ။ အစိုးရအဖွဲ့ဝင်တွေကလည်း ထိုက်သင့်တဲ့ ချီးမြှင့်ငွေကို သိန်း ၂၀ ပေါ့နော် ခံစားနေတယ်။ ခံစားနေတယ်ဆိုရင် ထိုက်တန်တဲ့ အလုပ်တွေလုပ်ဖို့ လိုတာပေါ့။ ကိုယ်ကလွှတ်တော် ကိုယ်စားလှယ် နေရာကလည်းနေတယ်၊ ၀န်ကြီးအနေနဲ့လည်း နေတယ်ဆိုရင် ၀န်ကြီးအလုပ်ကော လွှတ်တော် ကိုယ်စားလှယ် အလုပ်ကော တာဝန်ကျေဖို့ လိုတာပေါ့။ အစိုးရအဖွဲ့ဝင် ၉ ဦး လောက် လွှတ်တော်ကို မတက်နိုင်ရုံနဲ့ လွှတ်တော် မကျင်းပဘူး ဆိုတာက လက်ခံနိုင်တဲ့ အဖြေမဟုတ်ဘူးဆိုတာ ပြည်သူတစ်ရပ်လုံး သိပါတယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အား ၂၀၁၁ ခုနှစ်တွင် ၁၄ ရက်၊ ၂၀၁၂ ခုနှစ်တွင် ၁၄ ရက်၊ ၂၀၁၃ ခုနှစ်တွင် ၂၃ ရက်၊ ၂၀၁၄ ခုနှစ်တွင် ၂၅ ရက် စုစုပေါင်း ၄ နှစ်အတွင်း ၇၆ ရက်သာ ကျင်းပနိုင်ခဲ့သည်။

““နေပြည်တော်မှာရှိတဲ့ အစိုးရအဖွဲ့က သမ္မတစနစ်နဲ့ သွားတယ်။ တိုင်းနဲ့ပြည်နယ်(၁၄)ခုက ပါလီမန်စနစ်နဲ့ သွားတယ်။အဲဒါ မကွဲပြားလို့ ဒီလိုဖြစ်နေတာ။ သမ္မတစနစ်မှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သွားရင် လွှတ်တော် ကိုယ်စားလှယ်က နုတ်ထွက်ပေးရတယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့နဲ့ သီးခြားစီ။ တိုင်းနဲ့ ပြည်နယ် ကျတော့ ပါလီမန်စနစ်””ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်း သားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့က သြဇာညောင်းသောကြောင့် လွှတ်တော်၏ လုပ်ငန်းစဉ်များတွင် အနှောင့်အယှက် များ ဖြစ်ပေါ် လျက်ရှိပြီး အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် လွှတ်တော်၏ ထောက်ပြ ဝေဖန်မှုများကိုလည်း လက်ခံခြင်း မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

2 comments:

  1. Freyr Energy is one of best solar company in Hyderabad, Freyr Energy was set up on the principles of making daylight based energy moderate and accessible for everyone. To make determination of sun controlled energy a reality at the grass-root level, we have perceived that customer care, moderateness and receptiveness expect a vital work. With our creative stage, SunPro+, our wide channel-associate association and our viable help we ensure that these three components are directed to guarantee your undertaking into daylight based energy is sans trouble

    ReplyDelete
  2. Politics & FDA clearance of 2 stem cell clinic COVID-19 efforts

    FDA is doing better job on unproven stem cell clinics, but it has cleared many INDs, some iffy, for stem cell and cellular medicine trials for COVID-19.

    The FDA and its CBER branch have been doing a good job overall in the last 3+ years to tackle the unproven stem cell clinic problem, but lately on the stem cells for COVID-19 front there is reason for real concern.

    I believe the agency is taking on major risk overall by clearing a vast number of cell therapy trials for COVID-19 mostly without much data, but the clearance of a few programs by for-profit stem cell clinics is especially problematic in my view.
    FDA on the ball more generally on clinics

    For background and on the positive, the FDA is taking the problem of the stem cell clinic industry very seriously and taking action on clinic firms that are injecting patients with unapproved stem cell drugs.

    It has sent off dozens of untitled and warning letters to clinic firms pitching unproven stem cells and other regenerative biologics like exosomes. The agency’s biologics branch called CBER is really on the ball on this these days. Its Director Peter Marks deserves big kudos for the serious commitment and marathon work here over many years to make things happen on this problem. Dr. Marks was the subject of an interesting piece in the WaPo by Laurie McGinley recently: Meet the most important federal official you probably don’t know — the man who holds the fate of the coronavirus vaccine in his hands.

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။