/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

KIO သင်တန်းကျောင်း ပစ်ခတ်ခံရမှု မဖြေရှင်းပေးရင် ငြိမ်းချမ်းရေး ဆက်မဆွေးနွေးနိုင်ဟုဆို

KIO/KIA အဖွဲ့ရဲ့ ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက် ပြီး မဖြေရှင်းပေးရင် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေကို အကန့်အသတ် မရှိ ရပ်ထားမယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ ဆီကနေ သိရပါတယ်။

“မဖြေရှင်းပေးရင် တွေ့ဖို့ အကြောင်းမရှိဘူးလို့ ကေအိုင်အိုဘက်က သဘောထား ရှိတယ်” လို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးဒေါင်ခါရ်းက ပြောပါတယ်။

တပ်မတော်နဲ့ KIO/KIA ပြည်နယ်အဆင့် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့တွေဟာ အောက်တိုဘာလ ပထမ ပတ်မှာ နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ တွေမှာ တွေ့ဖို့ မရှိဘူးလို့ နှစ်ဖက် အဖွဲ့အစည်းတွေ ဆီကနေ သိရပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။