/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

သစ်တောဝန်ထမ်း လေးဦးအသတ်ခံရမှု နိုင်ငံတော်အဆင့် ဖြေရှင်းမည်

သစ်တောဝန်ထမ်းလေး ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှု မှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံ တော် အဆင့်ဖြေရှင်း သွားမည်ဖြစ် ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတင်း ထုတ်ပြန်သည်။

ယခုသေဆုံးမှုနှင့်ပတ်သက် ၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့ အမှုမှန်ပေါ်ပေါက် ရေး အတွက် နိုင်ငံတော်အဆင့်ဖြေ ရှင်းရန် အဆင့်ဆင့်တင်ပြထား ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ တွင်လည်း ထည့်သွင်းဆွေး နွေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦး က ပြောသည်။

‘‘ဖြစ်ကတည်းက အထက်ကိုကြေးနန်းနဲ့ရော စာနဲ့ပါ အဆင့် ဆင့်တင်ပြထားပါတယ်။ သမ္မတ ရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စာထုတ်ဖို့ ရှိတယ်လို့တော့ ကြား ပါတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အသတ်ခံရသူ လေးဦးသည် သေနတ်နှင့် ပစ်ခတ်ခံရခြင်းဖြစ် သောကြောင့် လက်နက်ကိုင်တပ် ဖွဲ့ ပါဝင် ပတ်သက်ခြင်းရှိ၊ မရှိ ၀န် ကြီးရုံးက အတည်မပြုနိုင်သော် လည်း တိုင်းရင်းသားလက်နက် ကိုင်နယ်မြေ များတွင် တာဝန်ထမ်းဆောင်နေသော သစ်တောဝန် ထမ်းများ၏ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွား မည်ဟု ၀န်ကြီးရုံးက ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

‘‘ရှမ်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး သတင်းပေးချက် အရ ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့ တယ်။ အပြန် မှာ အသတ်ခံရတာ။ နယ်မြေ လက်နက်ကိုင်တပ်ဖွဲ့ ဟုတ်၊ မဟုတ်မပြောလိုပါဘူး။ အမှုကို ရဲကိုအပ်ထား ပါတယ်။ ရဲ က စစ်ဆေးနေပါတယ်’’ဟု နေပြည်တော်သစ်တောဦးစီးဌာနမှ အရာ ရှိကြီးတစ်ဦးက ပြော သည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်အတွင်းရှိ တာဝန်ကျသစ်တော ၀န်ထမ်း ခြောက်ဦးနှင့်အဖွဲ့သည် ခိုးထုတ် သစ်များရှိကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး တစ်ဦး၏ သတင်းပေးချက်အရ သွားရောက် ဖမ်းဆီး ခဲ့ပြီး အပြန် တွင် လေးဦးအသတ်ခံရခြင်းဖြစ် သည်ဟု သတင်းရရှိသည်။

‘‘ကျွန်တော့်အနေနဲ့ သစ် တောဝန်ထမ်းတစ်ဦးကို သုံးသိန်း ထောက်ပံ့သွားမယ်။ ရှမ်းပြည် နယ် သစ်တော ဦးစီးဌာနကတော့ ၅၆ သိန်းထောက်ပံ့သွားဖို့ရှိပါ တယ်။ အဲဒီသတင်းဖြစ်ပြီးတော့ ဒီမှာတော့ ခပ်အေးအေးဖြစ်နေပါ တယ်’’ဟု ရှမ်းပြည်နယ်သစ်တော နှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက် ပေါင်းက ပြောသည်။

သေဆုံးခဲ့သော ၀န်ထမ်း လေးဦးနှင့် ပတ်သက်၍ ၀န်ကြီးရုံး က အမှုမှန်ပေါ်ပေါက်ရေးအပြင် ၎င်းတို့၏ ကျန်ရစ်သူသားသမီး များ ပညာသင်ကြားရေးနှင့် ပင်စင်လစာ၊ ရပိုင်ခွင့်များ အမြန်ဆုံးရရှိရန် ကူညီဆောင် ရွက်ပေးမည်ဟု ဒီဇင်ဘာ ၃၀ ရက် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲတွင် ၀န်ကြီးရုံးမှ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

အထက်ပါဖြစ်စဉ်များ ဖြစ် ပွားပြီးနောက် တရားမ၀င်သစ်ဖမ်းဆီးရန် သွားရောက်မည့် သစ်တော ၀န်ထမ်း များကို လုံခြုံရေးအန္တ ရာယ်ရှိသော နေရာများသို့ သွား ရောက်ဖမ်းဆီးခြင်းမပြုရန် သစ် တောဦးစီး ဌာနက အမိန့်ထုတ်ပြန် သည်။

အကယ်၍ သွားရောက်ရန် လိုအပ်ပါက စစ်တပ်အကူအညီ ဖြင့် သွားရောက်ရန် ညွှန်ကြား ထားကြောင်း သိရသည်။

‘‘သွားရောက်ဖမ်းဆီးမယ့် နယ်မြေရဲ့ လုံခြုံရေးအရ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ ဒါမှမဟုတ် တပ် မတော် စစ်ကြောင်းနဲ့ သွားရောက် ဖမ်းဆီးမယ်။ လုံခြုံရေးသံသယရှိ တဲ့နေရာတွေကို မသွားဖို့တားဆီး လိုက်ပြီ’’ဟု သစ်တောဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဇော်မင်းက ပြောသည်။

7 Day daily

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။