/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

မူးယစ်ရာဇာတွေ စုံစမ်းဖမ်းဆီးပေးဖို့ ထိုင်းအကူအညီတောင်း



မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်း ခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေ ဖမ်း ဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ် နင်းရေး အဖွဲ့က မြန်မာအစိုးရကို အကူအညီ တောင်းခံ လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်း က ဖေါ်ပြ ပါတယ်။
                   မသင်္ကာသူ ၁၀ ဦး

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးအတွက် ဖမ်းဝရမ်းကိုလည်း ONBC ခေါ် ထိုင်း အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ရုံးက မြန်မာအာဏာပိုင်တွေကို ပေးအပ် ထားကြောင်း၊ မသင်္ကာသူတွေဟာ မြန် မာနိုင်ငံ တွင်းက တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဆီ ထွက်ပြေးခိုလှုံနေကြတာဖြစ် လို့ဖမ်းဆီးဖို့ ခက်ခဲကြောင်း၊သူတို့ကို ခြေရာခံ ဖမ်းဆီးဖို့ မြန်မာအစိုးရက ကူညီပေး မှာဖြစ်ကြောင်း ONBC အတွင်းရေး မှူးး က ပြောပါတယ်။

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးထဲမှာ ကွယ်လွန်သူ မူးယစ်ရာဇာ ခွန်ဆာရဲ့ လက်ထောက်ဟောင်း တစ်ဦးဖြစ်သူ ဒု ဗိုလ်မှူးကြီး ယီဆယ် ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ အခုအခါ မူဆာလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး၊ ၀ လူမျိုးစုအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတယ်လို့ ONBC အတွင်းရေးမှူး က ဆိုပါတယ်။ ယီဆယ်အဖွဲ့ဟာ ထိုင်း မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလောင်း အရပ်မှာ လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းကို မူးယစ်ဆေးမှောင်ခိုသွင်းနေ တယ်လို့လည်း ပြောပါတယ်။

ONBCအနေနဲ့ ယီဆယ်အဖွဲ့အပြင် တခြားမူးယစ်ဆေးနဲ့ပတ်သက်ပြီး တခြားမသင်္ကာသူ ၁၄ ဦး ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့ထိန်းချုပ်ထားရာမှာ စုစုပေါင်း တန်ဖိုး ထိုင်းဘတ်ငွေ ၂၂၂ သန်း ဖိုးရှိတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။