/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ကို နားမလည်



ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင် ပါတယ်ဆိုတဲ့ အတိုက် အခံတွေနဲ့ ဒေါ်စုက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အမှန် တကယ် ရောနားလည် ပါသလား?

ရန်ကုန် NLD ပါတီရုံးချုပ်မှာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံ ပြီး မေးခွန်းတွေ မေးတဲ့အချိန် ဖြေသွားတာကတော့ လတ်တလော စစ်တမ်းကောက်ယူနေတဲ့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့ကြ ဘာလို့မကောက်လဲလို့ ဒေါ်စုကပြန်ဖြေသွားတယ်။

တော်တော်များများ ဒေါ်စုရဲ့ မီဒီယာတွေ့ဆုံပွဲတွေမှာ သူမဖြေနိုင်တော့ တဲ့မေးခွန်း ဆိုရင် မေးခွန်းထဲ က စာသားကိုဘဲ အဖြေပြန်ပြန်လုပ်တာ ခွန်းဆင့်မေးခွန်းနဲ့ သတင်းထောက်ကိုပြန်မေးတာတွေ ကို လေ့ လာတွေ့ရပါတယ်။

တကယ်တမ်း ဘာဖြစ်လို့ သမ္မတရုံး က ၀န်ထမ်းလစာ တိုးဖို့ကိစ္စကိုကြတော့ ကောက်တယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကြ ဘာလို့မကောက်လဲ ဆိုတဲ့ အကြောင်း အရင်းကို ဒေါ်စု မသိပါဘူး... ဘာလို့မသိတာလဲ ဆိုရင်... သူ သမ္မတ ဖြစ်ဖို့ ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားမလည်လို့ ပဲဖြစ်ပါတယ် ဆိုတာ ပေါ်လွင်နေပါတယ်.....

ဘာဖြစ်လို့လဲ ဆိုရင်... လွှတ်တော် ကို တင်သွင်း တဲ့ ဥပဒေကြမ်းထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ (အုပ်ချုပ်ရေး) ကသာ တင်သွင်း နိုင်ခွင့်ရှိတဲ့ဥပဒေကြမ်း ၃ ခုရှိပါတယ်။

အဲဒါက

၁။ နိုင်ငံတော်ရဲ့စီမံကိန်း

၂။ နိုင်ငံတော်ရဲ့ဘတ်ဂျတ်...

၃။ နိုင်ငံတော်ရဲ့အခွန်အကောက်ဆိုင်ရာဥပဒေကြမ်း

ဒီဥပဒေကြမ်း ၃ခုက အစိုးရအဖွဲ့ ကဘဲ တင်သွင်းရမှာဖြစ်ပြီး ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ တင်သွင်း လို့မရပါဘူး... အဲဒါကို... အစိုးရအဖွဲ့ ဖြစ်တဲ့... အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့် ကိစ္စပါဆိုပြီး.. ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြ ထားပါတယ်။

အဲဒီလို.. ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရေးထားတဲ့အတွက်ဝန်ထမ်းလစာ တိုးပေးေ၇း ကိစ္စသည်.. အစိုးရအဖွဲ့ ဖြစ်တဲ့... အုပ်ချုပ်ရေးကသာ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကတော့.. ဒေါ်စုတို့လို လွှတ်တော် အမတ်တွေ လွှတ်တော်ထဲမှာ လုပ်ဆောင် ရမယ့် လွှတ်တော် ရဲ့ အလုပ် ပဲဖြစ်ပါတယ် ဒါက constitution မှာခွဲထားပြီးသားပါ။

အဲဒါကြောင့်မို့ အစိုးရဘက်ကအုပ်ချုပ်ရေးအနေနဲ့ ဒေါ်စု ဟိုး အရင်တစ်ခါက ပြောထား၊ ဝေဖန်ထားခဲ့သည့် အတိုင်း ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ အခန်းကဏ္ဍမှာမရှိတဲ့ လွှတ်တော် လုပ်ရမယ့် အလုပ် ဖြစ်တဲ့... Constution ပြင်ဆင်ရေးကို ၀င် မစွက်ပဲ... သူတို့ အလုပ်ဖြစ်တဲ့ ၀န်ထမ်းတွေ လစာတိုးရေး ကိစ္စကိုပဲ ဆောင် ရွက်နေတာကို... နားလည် ပေး နိုင်ဖို့ လိုမယ်လို့ထင်တယ်...

ဒေါ်စုသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နားလည်တဲ့ လွှတ်တော် အမတ် တစ်ယောက် ဖြစ်ခဲ့ တယ် ဆိုရင်ပေါ့လေ....

ဒီအချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါရှိပြီး အတည်အလင်း ဖော်ပြထားရှိပြီးသား ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်မယ် ၊ ပြင်မယ် တစ်ဖွဖွပြောနေသူ တစ်ဦးအဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ဘာတွေ ပြဌာန်း ထားသလဲ ဆိုတာတောင် မသိပဲနဲ့ အလွဲလွဲအချော်ချော် ပြောနေတာ အရှက်ရှိမယ်ဆို ရှက်ဖို့ အင်မ တန် ကောင်းပါတယ်။

Yar Zar Doe
Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။