/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 31, 2014

.

နိုင်ငံ့ဝန်ထမ်းများလစာတိုးချိန် ကုန်ဈေးနှုန်းများ တည်ငြိမ်အောင် တာဝန်ယူဆောင်ရွက် မည်ဟု စီးပွားကူးသန်းဝန်ကြီးဆို

အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကြောင့် အခြေခံ စား သောက်ကုန်ဈေးနှုန်း တည်ငြိမ်အောင်တာ ဝန်ယူဆောင် ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြား လိုက်သည်။

ဒီဇင်ဘာ ၃ဝရက် က ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကျင်းပပြုလုပ်သည့်ရန်ကုန် တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှု လက်မှုလုပ် ငန်းရှင် များအသင်း၏ (၂၁)ကြိမ် မြောက်နှစ်ပတ်လည်အစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ”ဝန်ထမ်းတွေလစာတိုးတာနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကိုတည်ငြိမ်အောင် လုပ်ဖို့အတွက် စက်မှု ကုန်သည်များအ သင်းချုပ်က တာဝန်ရှိသူတွေရယ်၊ ကုန်သည်တွေနဲ့ ပူးပေါင်းဆွေးနွေး ပြီး၊ ကုန်ဈေးနှုန်းမတက်အောင် လုပ် ဆောင် သွားမှာပါ”ဟုပြောသည်။

လက်ရှိတွင် ကုန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် နေပြည် တော် တွင်နှစ်လ တစ်ကြိမ် ဆန်လုပ် ငန်းရှင်များ၊ ပဲလုပ်ငန်းရှင်များ ၊ မွေး မြူရေးလုပ်ငန်းရှင်များ၊ ဝန်ကြီးဌာန မှတာဝန်ရှိသူများနှင့် လက်ရှိ ကုန် ဈေးနှုန်းအခြေအနေများကို တင်ပြ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌဦးခင်ဟန် က ”ကုန်ဈေးနှုန်းနဲ့ပတ်သက်ရင် လုပ်ငန်းရှင်တွေအနေနဲ့ အစည်း အဝေးမှာ လိုအပ်တာတွေကိုတင်ပြ တယ်။ ဥပမာဆန်ဈေးတက်တော့ မယ်ဆိုရင် ပြည်ပတင်ပို့ တာကို လျှော့ မလား။ ဝယ်ထားတဲ့ ဆန်ကို ထုတ်ရောင်းမလား၊ ဆိုတဲ့နည်း တွေနဲ့ပြည်သူတွေ ကုန်ဈေးနှုန်း မတက်အောင်သူတို့ကို တင်ပြ တာ တွေရှိပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့၏ ကုန်ဈေးနှုန်း တည်ငြိမ်စေရန် ရန်ကုန်မြို့တော် စည်ပင် တွင်ဆွေးနွေးမှု များ ပြုလုပ် ပြီး၊ မြန်မာတစ်နိုင်ငံလုံး၏ကုန်ဈေးနှုန်း တည်ငြိမ်စေ ရန် နေပြည်တော်တွင် ဆွေးနွေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘုရင့်နောင် ပွဲရုံကုန်သည် တစ်ဦးက ”ဘုရင့်နောင် ဈေးကွက် ကလက် ကားဈေးနဲ့အပြင်မှာရောင်း တဲ့လက်လီဈေးက နည်းနည်း ကွာ နေတယ်၊ ပုပ်လွယ်တဲ့ ပစ္စည်းတွေ ကျတော့ လက်လီ သမားတွေက ဈေးတင်ရောင်း တာတွေ ရှိတယ်၊ ဒါကြောင့်အပြင် အခြေခံစားသောက် ကုန်တွေကဈေး တက်တာတွေ ဖြစ် နေရ ပါတယ်”ဟု ပြောသည်။

လက်ရှိ အခြေခံစားသောက် ကုန်ဈေးကွက်တွင် ဆန်၊ဆီ၊ဈေး ငြိမ်ပြီး၊ ကြက်သွန်နီဈေးအနည်း ငယ် တက်နေပြီး၊ ကျန်အခြေခံစား သောက် ကုန်ဈေးနှုန်း များ ပုံမှန် ဈေးအတိုင်းရှိနေကြောင်း ဘုရင့် နောင် ကုန်စည်ဒိုင်မှ သိရသည်။

စီးပွားရေး လုပ်ငန်းရှင်ဦးဇော် မြင့်က ”အစိုးရသစ်လက်ထက်က စပြီး ဝန်ထမ်းတွေ ကို လစာတိုးပေး တာ၊ ထောက်ပံ့ကြေးစရိတ်တွေ တိုးပေး တာတွေ လုပ်ခဲ့တယ်။ လုပ်ခဲ့ တဲ့အချိန်တိုင်းလဲ ကုန်ဈေးနှုန်းက တက်တယ် ။ လစာတွေ မတိုးခင် အချိန်ကစပြီးတက်တာပဲ။ ဒါကတော့ ဖြစ်နေ ကျပဲ။ တကယ်တမ်း ခံစား ရတာကတော့ အောက်ခြေ က ပြည်သူ တွေပဲ ။ အခုမှ အခြေခံကုန်ဈေး နှုန်းမတက်အောင် ထိန်းမယ်ဆို တာက နောက် သလို ဖြစ်နေတယ်။ ဝန်ကြီးဌာနအနေနဲ့ပြီးရင် ပြီးရော တော့ လုပ်လို့မရဘူး ။ သေချာလုပ် ဖို့တော့ လိုတယ်”ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်း များ ၏ လစာနှုန်းထားများကို လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စတင် ကာ တိုးမြှင့်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးပညာရှင် ဦးလှ မောင်က ”နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးတယ်ဆို တာ ဒီတစ်ကြိမ် လစာတိုးတာနဲ့ဆိုရင် လေးကြိမ် ရှိပြီ။ ကုန်ဈေးနှုန်းက ကျသွား တယ်ဆိုတာမရှိဘူး။ တက်ပဲတက် သွားတယ်။ ကမ္ဘာပေါ်မှာ ကုန်ဈေး နှုန်းကို ထိန်းချုပ်နိုင်တဲ့ သူမရှိဘူး။ ကုန်ဈေးနှုန်းမတက်ဖို့ဆိုရင် လစာ ကိုမတိုးနဲ့ ၊ ဒေါ်လာဈေး ကို မတက် နဲ့၊ ဂျီဒီပီတိုးတက်အောင်လုပ်၊ ဆင်းရဲ မွဲတေမှု ကိုလျှော့၊ လက်ရှိ ကောက်ခံ နေတဲ့ အခွန်အခတွေကို တိုးမ ကောက်နဲ့ ၊ နောက်တစ် ခုကတော့ နိုင်ငံသားတိုင်းပေးဆောင်တဲ့ အခွန် ကို ရအောင် ကောက်သင့်တယ်။ အဲဒီလိုလုပ်မှသာ ကုန်ဈေးနှုန်းက ကျ သွားမယ်”ဟု ဆိုသည်။

HH
‪Democracytoday‬

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။