/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 25, 2014

.

ယူနတီသတင်းဂျာနယ် သတင်းစာဆရာများ ဖမ်းဆီးခံရမှု သမ္မတကြားဝင် ညှိနှိုင်းပေးရန် တောင်းဆို

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားရင်ဆိုင် ဖမ်းဆီးခံထားရသည့် ယူနတီဂျာနယ်၏ သတင်းစာဆ ရာများအတွက် သမ္မတကိုယ်တိုင် ကြားဝင်ဖြေရှင်းပေးရန် အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့ နေဦးရောဘတ်ဆန်းအောင်က ပြောကြားလိုက်သည်။


သတင်းစာဆရာများကို ဖမ်းဆီးထားသည်မှာ ရက်သတ္တပတ် သုံးပတ်ကြာမြင့်ပြီဖြစ်သော်လည်း တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခြင်းမရှိသေးသည့်အတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“သမ္မတကိုယ်တိုင် ကြားဝင်ဖျန်ဖြေပေးစေလိုပါတယ်။ စာနယ်ဇင်းကောင်စီကလည်း ကြားဝင်တွေ့ဆုံ ညှိနှိုင်းလိုတယ်လို့ တောင်းဆိုထားပေမယ့် ဒီနေ့ထိ တွေ့ဆုံတာမျိုး မတွေ့ရသေးဘူး။ သမ္မတရော၊ လွှတ်တော်ဥက္ကဋ္ဌတွေရော ဒီကိစ္စမှာ ကြားဝင်ညှိနှိုင်းပေးစေချင်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိ နှိုင်းလိုကြောင်း ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုထားသော်လည်း ယနေ့တိုင် တွေ့ ဆုံညှိနှိုင်းခြင်းမရှိသည့်အပေါ် ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးဦးကျော်မင်းဆွေက “အခုထိတော့ တွေ့ဆုံညှိ နှိုင်းဖို့ကို အစိုးရဘက်က ဘာမှမတုန့်ပြန်သေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ ကို ကောင်စီအနေနဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်နိုင်မယ်”ဟု ပြောသည်။

ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ(၃)၊ အမှတ်(၄) ရှိ စာမျက်နှာ ၂၃ နှင့် ၂၄ ပါ “ဗိုလ် ချုပ်မှူးကြီးဟောင်း၊ လက်ရှိကာချုပ်နှင့် တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံ” ခေါင်းစဉ်ဖြင့် ရေးသားသည့် သတင်းဆောင်းပါးနှင့်ပတ်သက်၍ အမှုဆောင်အရာရှိချုပ်အပါအ၀င် သတင်းထောက်လေးဦးတို့ကို ဖမ်းဆီးထားသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။