/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, February 25, 2014

.

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ လုပ်ဇာတ်



ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်သော ဦးနေမျိုးဇင်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြေားပွဲဟာ လူဦးရေ၁၀၀ကျော်ကျော်နဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဒီထဲမှာတောင် ဘုမသိ ဘမသိနဲ့လိုက်လာပြီး နေမျိုးဇင် ဟောမယ်လဲ ဆိုရော ထပြန်သွားသူတွေ တောင် ရှိခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်ထပြန်လာသော တောင်ဥက္ကလာပမြို့နယ်မှဦးကျော်ငြိမ်းက ဒီလို ပြောပါတယ်


"ငါတို့ကို စနေနေ့ထဲက တစ်ယောက်ကို ၂၀၀၀ နဲ့ကြိုပြီးလူလာစုနေတာ... ကား အကြိုအပို့လည်းလုပ်ပေးမယ်ပြောတယ်... ဘာ အတွက်လည်း ဘယ်သူ ဟောမှာလည်း ဆိုတော့မပြေားဘူး...ဒါနဲ့ မနက်က ဗိုလ်စိန်မှန်ကွင်းကိုလိုက်ခဲ့မိတယ်... တစ်ကယ် တမ်းပွဲစမယ်လဲဆိုရောစစ်ထဲက ပြစ်မှုနဲ့ထွက်လာတဲ့ နေမျိုးဇင်လည်းဆိုရော သူတို့ပေးထားတဲ့ ပိုက်ဆံ ၂၀၀၀ ကိုပြန်ပေးပြီး ထွက်လာခဲ့တယ်... ငါ့ တူတို့လည်းသိမှာပါ နေမျိုးဇင်ဆိုတာ နယ်တစ်ကာလှည့်ပြီး လုပ်စားနေတဲ့ကောင်.. ဒီလိုကောင်မျိုး ဟောပြောတာ နားထောင်နေရင်၂၀၀၀ ရတာနဲ့ မတူတဲ့ စိတ်ဝေဒနာ တွေပါ ရ သွားမှာဆိုးလို့ ထပြန်လာခဲ့တာ"

ဒီလိုပဲ NLD ရဲ့ဆန္ဒပြပွဲတွေမှာ အမြဲပါတဲ့ တာမွေမှာ အမေ သန်းက ဒီလိုပြောပါတယ် " ငါ့မြေးရယ် မင်းပဲစဉ်းစားသာကြည့်တော့ ငါတို့ရပ်ကွက်ကNLD က ကုလားတွေ ညဘက်ကြီးလာခေါ်တယ် အဘွားရယ် မနက်ဖြန်လာခဲ့ပါ... သားတို့ဆန်၅ပြည်နဲ့ဆီ ၁ပိသာ ပေးပါမယ်တဲ့.. အဘွားတို့ကလည်း ဆင်းရဲတော့ဒါ ရလည်း မဆိုးဘူးဆိုပြီး လိုက်နားထောင်ခဲ့တယ်... ပွဲလည်းပြီးရော ဆန် ၃ပြည်နဲ့ဆီ၁ပိသာပဲ အိမ်ကို လာပို့တယ်...အရင်ပွဲတွေတုန်းကဆိုရင် ၃၀၀၀ ပေးမယ်ဆို ၃၀၀၀ အတိအကျပေးတယ်...ခုတော့ ခေါ် တုန်းကတစ်မျိုးတစ်ကယ်ပေးတော့ တစ်မျိုး..နောက်ဆိုNLD နဲ့နေမျိုးဇင်ဆိုရင်တော့ဘယ်တော့မှ မလိုက်တော့ဘူး.."

နောက်ဆုံးရင်ဖွင့်တဲ့သူကတော့ ဗိုလ်စိန်မှန်ရပ်ကွက်က ကျောင်းသားမောင်အောင်အောင်ပါ "အကိုလာ မေးတာနဲ့ အတော်ပဲအကိုရေ အရင် ၅၉ စထောက်ခံပွဲတုန်းက NLD ကလူတွေက သားတို့ကို မုန့်ဖိုး ၅၀၀၀ ပေးပြီး ဘောလုံးဝင်ကန်ခိုင်းတယ်...ခုကျတော့ တစ်မျိုးဗျသားတို့ဘောလုံးဝင်ကန်မှာ စိုးလို့ ညထဲက ရပ်ကွက် ထဲကလူငယ်တွေကို ကြိုတောင် တားနေသေးတယ်... စဉ်းစားကြည့်လေ သားတို့က တနင်္ဂနွေ နေ့ပဲ ဘောလုံးကန်ရတာ ခုလိုသားတို့ အခွင့်အရေးကိုပိတ်ပင်တယ်ဆိုတော့ သူတို့က အပြောတစ်မျိုး အလုပ် တမျိုးဖြစ်မနေဘူးလား"

ကဲ.... ဒါဆိုခင်ဗျားတို့လည်း သဘောပေါက်လောက်မယ်ထင်ပါတယ်....

နေမျိုးဇင်ဘာလဲ ... NLD ဘယ်လဲ.....

From: ပြည်သူထဲက ပြည်သူတစ်ယောက် ဇင်မင်းသီဟ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။