ကျွန်တော်များဗီဒီယိုထုတ်လုပ်ရေးမှ အရင်ကတည်းက ရခိုင်အမျိုးသားကိုချစ်ခင်စွာဖြင့် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဒီကနေ့ထိပ်တန်းသရုပ်ဆောင် နေတိုးကို လက်တွဲ၍ ရိုက်ကူးခဲ့သောထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ သည့်အပြင် ရခိုင်အမျိုးသားများဖြစ်သည့်"ဘုန်းသျှံ""သာထက်"စသောအနုပညာရှင် များကိုမြေတောင်မြောက်ကာ ရိုက်ကူးပေးခဲ့သော ကုမ္ပဏီလည်းဖြစ်ပါသည်။
ရခိုင်အမျိုးသားများအား ထိခိုက်နစ်နာစေလိုခြင်း အလျင်းမရှိပါ။ ''ဂျောင်း"ဗီဒီယိုဇာတ်ဝင်ခန်းတွင်ပါဝင် သော စကားလုံးအချို့နှင့်ပတ်သက်၍ ဇာတ်ညွှန်း-ဒါရိုက်တာ-သရုပ်ဆောင် များက သဘာဝထက်ဟာသကို ဦးစားပေးပြီးရိုက်ကူးတင်ဆက်မိခဲ့ခြင်းအပေါ် နားလည်သည်းခံခွင့်လွှတ်ပါရန် နှင့် နောက်နောင် ဇာတ်ကား များတွင်လည်း ဤလိုအဖြစ်မျိုးများ မဖြစ်ရန် တာဝန်ယူဂတိပြုပါကြောင်း အနူးအညွတ် တောင်းပန် အပ်ပါသည်ခင်ဗျာ…
ဂျော်လီဆွေနှင့်သားများ
ဗီဒီယိုထုတ်လုပ်ရေး

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။