/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 18, 2013

.

မြန်မာ့မီးရထားရုံးချုပ် အဆောင်အဦးဟောင်းအား 5 star အဆင့်မြင့် ဟိုတယ်အဖြစ် (၂၀၁၄) ခုနှစ်တွင် ဖွင့်လှစ်မည်



ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာ့မီးရထား ရုံးချုပ် အဆောက်အဦ ဟောင်းအား 5 star အဆင့်မြင့် ဟို တယ် အဖြစ်ပြုပြင်ရာတွင် US ဒေါ်လာ (၁၅)သန်း ကုန်ကျမည် ဖြစ်ပြီး အဆိုပါဟိုတယ်အား (၂၀၁၄) ခုနှစ်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။


ဟိုတယ်အခန်းများ လိုအပ်မှုကြောင့် အစိုးရမှ (၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပိုင်သတင်း စာ များမှ မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦ ဟောင်းအား ပုဂ္ဂလိ ကသို့ငှားရမ်းရန်အတွက် တင်ဒါ ခေါ်ယူခဲ့ရာ၌(၂၀၁၂) ခုနှစ် မေလတွင် DOSIN ENGINEERING & CONSTRUCTION Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖွေမှ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရ သည်။

“ကျွန်မတင်ဒါ (၄) ခု လျှောက်ခဲ့ရာမှာ ဒီအဆောက်အဦ ကိုတင်ဒါအောင်ခဲ့ပါတယ်။ တင်ဒါအောင်ပြီး တဲ့နောက်(၂၀၁၂) ခုနှစ် မေလမှာ အစိုးရကပြုပြင်ဖို့အတွက်ခွင့်ပြုခဲ့ပါတယ်။ ဒီအဆောက်အဦကို အစိုးရဆီ က နှစ် (၅၀) ငှားရမ်းကားတာပါ။မကြာခင်ရက်ပိုင်းမှာ အစိုးရနဲ့ စာချုပ်ချုပ်ဆိုတော့မှာပါ။ စာချုပ် ချုပ်ပြီးတဲ့ အချိန်ကစပြီး (၁၀) လ အတွင်းမှာ5 star အဆင့်မြင့် ဟိုတယ်အဖြစ်နဲ့ပြီးမယ်လို့တင်ပါ တယ်။ မြေငှားရမ်း ခကို တစ်လ US ဒေါ်လာ (၂၅၀၀၀)ပေးရပါ တယ်။ အပြီးအစီးမြေကြီးကို သုံးစွဲခကတော့ US (၃.၇၅) သန်း ပေးရမှာပါ။ အားလုံးစုစုပေါင်းကုန်ကျစရိတ်ကတော့ US (၁၅) သန်းကုန်မှာပါ။ ဒီဟိုတယ်ပြီးသွား ရင်ဝန် ထမ်းတစ်ဦးရေ (၄၅၀) လောက်ခေါ်သွားမှာပါ”ဟု တင်ဒါ အောင်မြင်သူဒေါ်နန်းနွယ်ဖေက ပြောသည်။

အဆိုပါအဆောက်အဦ၏ မြေနေရာမှာ (၃.၅) ဧကရှိပြီး ၅ ထပ်အဆောက်အဦဖြစ်၍ ၎င်းအဆောက်အဦ အားမြန်မာတိုင်း ရင်းသားလုပ်ငန်းရှင်များက ပြုပြင် မွမ်းမံနေပြီး ဟိုတယ်အဖြစ်ပြီးစီးပါ ကအခန်းပေါင်း (၁၄၅) ခန်းပါဝင် မည်ဖြစ်ကြောင်း သိရသည်။

Hot news

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။