/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 18, 2013

.

ဆင်းရဲတွင်း နက်သထက်နက်လာ၍ သမ္မတထံ စာပို့ (ပေးစာ)

သို့

သမ္မတ

ပြည်ထောင်စုမြန်မာနိုင်ငံ

ရက်စွဲ။ ။၁၇.၉.၂၀၁၃

အကြောင်းအရာ။ ။သမ္မတ၏အမိန့်ကြေငြာစာအမှတ်၂၇/၂၀၁၃ ရက်စွဲ ၂၆- ၂- ၂၀၁၃ ပါ ညွှန် ကြားချက် များနှင့် ကွဲလွဲပြီး လုပ်ကိုင်နေကြခြင်း ကိစ္စ။


အထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့ တောင်ကုတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး ကော်မတီ မြို့နယ် စည်ပင်သာယာရေး ကော်မတီဆိုပြီး ကိုယ့်သဘောနှင့် ကိုယ်အမည်စာရင်း ထည့်သွင်း ဖွဲ့စည်းထားကြပါ သည်။ အထက်ရည်ညွှန်းပါ သမ္မတအမိန့် ကြေငြာချက်နှင့် လုံးဝလွဲချော်ပြီး ဖွဲ့စည်း ထား ကြခြင်း ဖြစ်ပါသည်။ အဆိုပါ တောင်ကုတ်ဒေသ ဖွံ့ဖြိုးရေးကော်မတီသည် မြို့မှမီးလင်းရေး ကိစ္စများကို ဆောင်ရွက်ရာတွင်လည်း မီတာခများ ဈေးကြီးမြင့်ရသည့် အထဲ မီတာ ထိန်းသိမ်းခ ကျပ် (၁၀၀၀ိ)။ လျှပ်စစ်ရုံးမှ မီတာ ထိန်းသိမ်းခ ကျပ် (၁၀၀၀ိ)။ သို့ အတွက် တစ်လလျှင် မလိုအပ်ဘဲ မီတာ ထိန်းသိမ်းခ ကျပ် (၂၀၀၀ိ)စီ ပေးဆောင်နေရပါသည်။ မီတာခ ပေးဆောင်ခြင်း နောက်ဆုံး သတ်မှတ်ရက်ထက် တစ်ရက်ထက် ကျော်လွန် ခဲ့လျှင်လည်း ရက်လွန်ကြေး (၂၀၀၀ိ) ဆိုပြီး ပြည်သူများအပေါ် ဖိနှိပ် ကောက်ခံနေပါသည်။ အဆိုပါ ဒေသ ဖွံ့ဖြိုးရေး ကော်မတီအဖွဲ့မှ စာရင်း ရှင်းတမ်းလည်း နှစ်စဉ် ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်းတို့ မရှိဘဲ ပြည်သူများ ထံမှ ကောက်ခံသော အခွန်ငွေများမှာ မည်သို့ အလွဲ သုံးစား လုပ်ခံနေရသည်ကို သမ္မတကြီး သိရှိနိုင်စေဖို့ တင်ပြရခြင်း ဖြစ်ပါသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီဟု ကိုယ့်သဘောနှင့် ကိုယ်ဖွဲ့ထားသော အဖွဲ့သည်လည်းအထက်မှ ဒေသဖွံ့ဖြိုးရေးကော်မတီ ဆိုသူများသာ ဖြစ်ကြပါသည်။ တောင်ကုတ်မြို့ ညဈေးမှ ဈေးကောက်ခကြီး မြင့်မူ၊ တစ်နေ့ ဈေးကောက် နှစ်ကြိမ် ကောက်ခံမူတို့အား စည်ပင်ကော်မတီ ဥက္ကဋ္ဌထံ တိုင်ကြားရာ၊ တိုင်စာတွင် မိတ္တူကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟုပါသည်ကို အဆိုပါဥက္ကဋ္ဌမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုသောစာကို ဖျက်ပေးမှ တိုင်စာကို လက်ခံမည်ဟု ငြင်းပယ် လွှတ်လိုက်ပါသည်။ ဈေးကောက် ကြီးမြင့်မှု ဒဏ်ကို ဖြေရှင်း ပေးရမည့်အစား မိတ္တူပို့ လိပ်စာအပေါ်တွင်သာ အလေးထားသော စည်ပင် ကော်မတီ ဥက္ကဋ္ဌ အကြောင်းအားလည်း သမ္မတကြီး သိရှိစေလိုပါသည်။

အချုပ်အားဖြင့်ဆိုရပါလျှင်သမ္မတကြီး၏ ဆင်းရဲမွဲတေမူ လျှော့ချရေး၊ ပပျောက်ရေး ရည်မှန်းချက်များသည် အထက်ပါ အမိန့်ကြေငြာစာများအား တိကျစွာ မလိုက်နာသော လူတစ်စု၊ တစ်ဖွဲ့တို့၏ လုပ်ရပ် များကြောင့် အခွန်ထမ်း ပြည်သူများမှာ ဆင်းရဲတွင်း နက်သထက်သာ နက်နေကြခြင်း ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မင်းအောင်(တောင်ကုတ်)

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။