၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဓမ္မ ပြုကျင့်ခံရမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့်ခံရမှု ၆၉ မှု ပါဝင်နေကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်၏ "အသက် မပြည့်သူ ကလေးများ အဓမ္မပြုကျင့် ခံရမှုနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးစနစ် ထူထောင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ မည်သို့စီစဉ်ထားရှိသည်ကို သိရှိလိုကြောင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပေါ်တွင် ပြစ်မှုကျူးလွန်ပါက ကလေးသူငယ် ဥပဒေပါ ပြစ်ဒဏ်များအပြင် ပြစ်မှုဆိုင်ရာ ဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များကို ကျခံရမည် ဖြစ် ကြောင်း . . . . .
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်ထိ မုဒိမ်းမှု ၉၇ မှု ဖြစ်ပွားခဲ့ရာ၌ သက်ငယ် မုဒိမ်းမှု ၆၉ မှု ပါဝင်ခဲ့ပြီး အသက် ၁၀ နှစ်အောက် မုဒိမ်းမှု ၁၂ မှု၊ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း မုဒိမ်းမှု ၃၁ မှု၊ အသက် ၁၄ နှစ်မှ ၁၅ နှစ်အတွင်း မုဒိမ်းမှု ၁၄ မှု၊ အသက် ၁၆ နှစ်မှ ၁၇ နှစ်အတွင်း မုဒိမ်းမှု ၁၂ မှုတို့ဖြစ်ကြောင်း သိရသည်။
ထို့သို့ ဖြစ်ပွားနေမှုကြောင့် ၂၀၁၃ နှစ်ကုန်အထိ မုဒိမ်းမှုများ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုများ လျော့ပါး စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မုဒိမ်းမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများကို အခြေခံ၍ မြို့နယ်လိုက် ပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးများ ထည့်သွင်း၍ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်းနှင့် မြို့နယ်အလိုက် သက်ငယ်မုဒိမ်းရှုံ့ချမှု ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပေါ်တွင် ပြစ်မှုကျူးလွန်ပါက ကလေးသူငယ် ဥပဒေပါ ပြစ်ဒဏ်များအပြင် ပြစ်မှုဆိုင်ရာ ဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်ကြောင်းကိုလည်း အသိညာ ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြည်သူလူထု တစ်ရပ်လုံး သိရှိရန် အလွန်အရေးကြီးကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူညီချက်ပါ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးသူငယ် ဥဒေပါ ပြဋ္ဌာန်းချက် များအား ကလေးသူငယ်များ အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရေးအတွက် ဌာနဆိုင်ရာ အကြီး အကဲများ၊ အန်ဂျီအိုများ၊ ကလေးသူငယ် ကိစ္စရပ်များအား စိတ်ပါဝင်စားသည့် ရပ်မိရပ်ဖများ ပါဝင်သော တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။
ကလေးသူငယ်များကို မတရားမှု ကျူးလွန်ပါက ကလေးသူငယ် အချင်းချင်း ပူးပေါင်းဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် နောက်တခြားသော ကလေးသူငယ် အမှုအခင်းများကို သိရှိသူက ချက်ချင်းဆင့်ကဲဆင့်ကဲ သတင်းပို့ အရေးယူစေရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းမှ အရာရှိ ၇၄ ဦးခန့်ထားပြီး ကလေးသူငယ် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပေါ်ပေါက်ပါက ကူညီပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ဆက်သွယ် သတင်းပို့ကြရန်လိုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
Eleven Media Group
မျိုးစောင့်ဥပဒေကို ဦးစီးဦးဆောင်လုပ်နေတဲ့
ReplyDeleteဦးဝီရသူ ဘုရား။
မူးယစ်ဆေးကို ရောင်းဝယ်ဖေါက်ကားမှုကို
တားမြစ်ထားတဲ့ ဥပဒေရှိပေမဲ့ လိုက်နာမှု
ဘယ်လောက်ရှိလဲဆိုရင် ထွက်လာမဲ့အဖြေကတော့
ကြောက်ခမန်းလိလိပါ ဘုရာ့။
ဒီလိုပါဘဲ
မျိုးစောင့်ဥပဒေ ကို လိုက်နာဖို့အတွက်လဲ
ကိုယ့်အမျိုး ကိုယ်စောင့်ရှောက် ချင်မှ ဖြစ်မှာ။
ခုကြည့်
ကိုယ့်အမျိုး ကိုယ်မစောင့်ရှောက်ချင်တဲ့ သူတွေ
တဖြေးဖြေးများလာပါပြီ။
ပိုဆိုးတာက တချိန် လူကြီးဖြစ်လာကြမဲ့
ကလေးအရွယ်လေးတွေကို ရွေးပြီး
စိတ်ဒဏ်ရာ ရအောင် ကျူးလွန်နေကြတယ်။
ဒီ ကလေးတွေရဲ့ အနာဂါတ်ကို ဖျက်စီးနေကြတယ်။
မျိုးစောင့် ဥပဒေအစား ကိုယ့်အမျိုး ကိုယ်မစောင့်တဲ့
အဲဒီ့ လူတွေကို အရင်သွန်သင်ပါဦး။
မူဆလင်အကြမ်းဖက်သမားတွေကြောင့် နိုင်ငံတကာမှာ
ပြည်ပ ရပ်ခြားက မူဆလင်တွေ လာလည်ကြရင်
အကြမ်းဖက်သမားတွေလားဆိုပြီး
မျက်လုံး ဒေါင့်ထောက် ကြည့်နေကြတယ်။ အချို့
မူဆလင်တွေကိုဆို အဝင်တောင်မခံကြဘူး။
တော်ကြာ မြန်မာတွေလဲ ကလေးအရွယ်တွေကို အဓမ္မပြုကျင့်သူများ လို့
နံမည်ကျော်ကြားပြီး နိုင်ငံတကာက
ပြည်ဝင်ခွင့်မပေးကြရင် ဒုက္ခ။
အဲဒီတော့ ဆက်ပြီးအဲဒီလို မှုခင်းတွေ လျော့ကျ
သွားအောင် လူတွေကို တရားဓမ္မ၌ ပျော်မွေ့အောင်
အရင်တရား ဟောကြားပါဦး။
မျိုးပျောက်ဖို့ ဆိုတာ သူများကြောင့် မဟုတ်ဘူး
ကိုယ့်အမျိုး ကိုယ်မစောင့်မှပျောက်မှာ။
ပြီးတော့ တရုပ်က မြန်မာအမျိုးသမီးလေးတွေကို
ဝယ်ယူမှု ပိုများလာတယ်တဲ့။
ခွေးကလားမျိုးဘုန်းကြီကိုခုတုန်းလုပ်နေပြန်ပြီ
ReplyDeleteမှန်ပါတယ်။ တကယ်တော့ လူတွေဟာ
ReplyDeleteအဓမ္မ စရိုက်မှာ
မွေ့ပျော်နေကြတာ ဘာဖြစ်လို့လဲ ဆိုတော့
တရား မရှိကြလို့ပါ။ ဥပဒေ ဆိုတာရှိနေပေမဲ့
ဖြစ်ပြီးမှ အရေးယူလို့ ရတာမျိုးဆိုတော့
မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။
ဒီလိုပြစ်မှုတွေဟာ ဆင်းရဲချမ်းသာနဲ့ မဆိုင်ဘူး
တရားရှိဖို့ လုပ်ကြရမှာ။ အဲဒီလို လုပ်ဖို့အတွက်
အားလုံးနဲ့ သက်ဆိုင်နေပေမဲ့လည်း
အဓိက ကျတဲ့ သူတွေ ကတော့
တရားကို ဦးဆောင်နေတဲ့ သူတွေလို့ ယူဆပါတယ်။