/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 13, 2013

.

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဆွေးနွေးမည်

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဇာမောင်က မဇ္ဈိမ ကို ပြောသည်။


အလုပ်ရုံ ဆွေးနွေးပွဲကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ဟူ၍ ပြုလုပ်မည်ဖြစ်ပြီး အထက်မြန်မာ ပြည် အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့တွင်ပြုလုပ်ကာ အောက်မြန်မာပြည် အလုပ်ရုံဆွေးနွေးပွဲကို အဖွဲ့ အစည်းနှစ်ရာကျော်ခန့်က ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ “အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် တပြိုင်နက်တည်း လုပ်မှာပါ။ ဆွေး နွေးပွဲ ရလာဒ်တွေ ထွက်လာရင် အရပ်ဖက်လူ့အဖွဲ့အစည်း ကိုယ်စားပြုပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သွား ဆွေးနွေး မှာပါ”ဟု ပြောရေးဆိုခွင့်ရှိသူ ကိုဟန်ဇာမောင်က ဆိုသည်။

ဆွေးနွေးပွဲရလာဒ်များ ဆွေးနွေးရာတွင် အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် ငါးဆယ်ခန့် လွှတ်တော် ကိုယ်စား လှယ် များနှင့် သွားရောက် တွေ့ဆုံမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဆယ်ခန့် လာ ရောက်မည်ဖြစ်ကြောင်း စီစဉ်သူများက ပြောကြားထားသည်။

ရန်ကုန်တွင်၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့် မန္တလေးတွင် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းတွင် ကျင်းပ မည်ဖြစ်ပြီး ကိုယ်စားလှယ်များက သြဂုတ် ၁၅ ရက်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဘရှိန်က “ဟုတ်ပါတယ်၊ လွှတ်တော်အမတ်တွေနဲ့ ဒီအ ရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်၊ လွှတ်တော်မှာ ဆွေးနွေးပြီးကာမှ ကျွန်တော်တို့က ဆက် လုပ်ရမှာပါ”ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ အတည်ပြု ပြောကြားသည်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဖက် လူ့အဖွဲ့အစည်းများအကြား အငြင်းပွား မှုများရှိနေပြီး ဗဟိုအဖွဲ့(အစိုးရမှ ဖွဲ့စည်းသည့်အဖွဲ့)၏ ဆုံးဖြတ်ချက်အရ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် နှင့် မှတ်ပုံတင်ခွင့်ပြုရန် ဟူသည့် အချက်သည် အရပ်ဖက် အဖွဲ့အစည်းများအတွက် အဓိကပာဆိုစရာ ဖြစ်နေသည်။

ဟံသာဝတီဦးဝင်းတင်က ဥပဒေနှင့်ပတ်သက်၍ “အသင်းအဖွဲ့များ၏ ဖွဲ့စည်းမှုကို အားပေးချီးမြှောက်သော သဘောမရှိ ဘဲ ချုပ်ချယ်ကန့်သတ် ပါဝင်ဟန့်တားလိုတဲ့ သဘောသာရှိတဲ့ ဥပဒေမျိုးကို လုံးဝလက် မခံနိုင် ပါ။ ကန့်ကွက်ပါတယ်” ဟူသော စာသားပါ သ၀ဏ်လွှာကို Local Resources Center သို့ ပေးပို့ခဲ့ ဖူးသည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သတ်၍ လိုအပ်ချက်များအား ဇန်န၀ါရီလ ၃၁ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့ များရှိပြည်တွင်းအဖွဲ့အစည်း ၂၁ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုသဘောထား ကြေညာချက်အား မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ အရက်ဖက် အဖွဲ့အစည်းပေါင်း ၈၀ ထက် မနည်း သဘောတူ ထောက်ခံထားပြီး “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း”ကို လွှတ်တော် လုပ်ထုံးလုပ်နည်းများ အရ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းကို ဆိုင်းငံ့ထားရန်နှင့် ဥပဒေမူကြမ်း အသစ်တစ် ခု ကို အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ပြန်လည်ရေးဆွဲရန် လိုအပ်ပါ သည်ဟု ကြေညာချက်တွင် တောင်းဆို ထားသည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။