အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမည့် ကော်မတီဝင်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနအတွင်း စတင်ရွေးချယ် နေပြီဖြစ်ကြောင်း အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။
''အခုဝန်ကြီးဌာနမှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေး ကော်မတီမှာ ပါဝင်မယ့် ကိုယ်စား လှယ်
တွေကို စတင်ရွေးချယ်နေပါပြီ။ ကော်မတီ ဖွဲ့ပြီးသွားရင်တော့ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး သက်
ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အနိမ့်ဆုံး လုပ်ခလစာတွေကို သတ်မှတ်
ပေးမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်တဲ့ နေရာမှာ ဒေသတစ်ခုနဲ့တစ်ခု၊ အလုပ်အကိုင် အမျိုးအစား တစ်ခုနဲ့တစ်ခု အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေ တူညီမှာ မဟုတ်ပါဘူး'' ဟု အလုပ်
သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ဆိုသည်။
အနည်းဆုံး အခကြေးငွေ နည်းဥပဒေတွင် အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်း၊ ပြည်ထောင်စု နယ်မြေ
ကော်မတီ၊ အထူးစီးပွားရေးဇုန် ကော်မတီ၊ တိုင်းဒေသကြီးပြည်နယ် ကော်မတီများ ဖွဲ့စည်းရေးတို့ ပါဝင်
ကြောင်း သိရသည်။
အနည်းဆုံး အခကြေးငွေကို နိုင်ငံတစ်ဝန်းလုံး အတွက်သော် လည်းကောင်း၊ ပြည်ထောင်စု နယ်မြေအ တွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သော်လည်းကောင်း၊ ကူးသန်း
ရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှု လုပ်ငန်းအတွက် သော်လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အမျိုးအစားအလိုက် သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေကိစ္စ သတ်
မှတ်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကော်မတီအသီးသီးမှ တင်ပြလာသည့် သတ်မှတ်သင့်သည့် အနည်း ဆုံး အခကြေးငွေ နှုန်းထားများကို အများပြည်သူ သိရှိနိုင်ရန်နှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ရန် အနည်း ဆုံး ရက်ပေါင်း ၆၀ အတွင်း ထုတ်ပြန်ကြေညာ သွားမည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။