/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 13, 2013

.

အပစ်ရပ်ပြီးပြည့်စုံသောဆွေးနွေးမှုများနှောင့်နှေးနေရခြင်းနှင့်လုပ်နည်းကိုင်နည်း မှားနေခြင်းကြောင့်ဟုဆို


0

ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံငွေရတု ဒုတိယ နေ့အခမ်း အနားသို့ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။


၆.၇.၂၀၁၃ က စတင် ဆွေးနွေးခဲ့သည့်အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးနှင့် ရှစ်လေးလုံးဒီမိုကရေစီမျိုး ဆက်များ၏ အခန်းကဏ္ဍတို့ကို အစုလိုက်ဆက်လက်ဆွေးနွေးကြ ခြင်းဖြစ်ပြီး စာတမ်းရှင်များနှင့် တက်ရောက်သူများ အပြန်အလှန် ဆွေးနွေးခန်းများ ပါဝင်၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးတက်ရောက် လေ့လာကာပါဝင်ဆွေးနွေးသည့် အခန်းကဏ္ဍမှာ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသားအရေးဖြစ် ပြီး ၎င်းကိစ္စနှင့် စပ်လျဉ်း၍ ၀န်ကြီး က အပစ်ရပ်ထားပြီး ပြည့်စုံတဲ့ ဆွေးနွေးမှုတွေ နှောင့်နှေးနေရ တာဟာ လုပ်နည်းကိုင်နည်းမှား နေသေးလို့ဖြစ်ပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို မဖော်ဆောင်နိုင်သေးလို့ဖြစ်ပါ တယ်”ဟု ပြောကြားသွားသည်။ 

နိုင်ငံတည်ဆောက်ရေးအခန်းကဏ္ဍ တွင် မခင်ဥမ္မာက “ပြည်ပရောက် ရှိသွားရတဲ့ အင်အားစုတွေဟာ အခုပြန်ဝင်လာပြီး ကိုယ်တတ်ထား တဲ့ ပညာတွေနဲ့ တိုင်းပြည်ကို အကျိုးပြုချင်ကြပါတယ်။ ဒါကို အစိုးရက ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့လိုပါတယ်”ဟု ပြောပြီး ရန်ကုန်တိုင်းဒေသကြီးNLDပါတီ ဒုဥက္ကဋ္ဌက ဘုံရန်သူဆိုတာမရှိ တော့ကြောင်း၊ အစိုးရရောအဖွဲ့ အစည်းတွေရော အားလုံးညီညီ ညွတ်ညွတ်နဲ့ နားလည်မှုရှိကြဖို့လို ကြောင်းပြောကြားတင်ပြသွားကြ သည်။

Credit : http://www.hotnewsweekly.com/archives/24562

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။