/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 13, 2013

.

တရားခံပြသက်သေအဖြစ်ဦးရွှေမန်းအပါ အ၀င်လူပုဂ်္ဂိုလ် ခြောက်ဦးအား တင်ပြ

သြဂုတ်လ ၁၂ ရက်နေ့၊ ကြည့်မြင်တိုင်မြို့နယ်တရားရုံး တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံ ထားရသော စွပ်စွဲခံထားရသူ ခြောက်ဦးမှ မိမိတို့အားစွဲချက်တင် ထားရာတွင် အပြစ်မရှိကြောင်း သက်သေအဖြစ် ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌ သူရဦးရွှေမန်း၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကို ကြီး၊ ဦးမြအေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးကော်မတီဥက်္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၊ ဟံသာဝတီဦးဝင်း တင်နှင့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဌေးဦး တို့အားတင် ပြခဲ့ရာ ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ အထူးကဏာရမြို့နယ် တရားသူကြီး ဒေါ်နွဲ့နွဲ့ရီကလက်ခံ ခဲ့ကြောင်း အဆိုပါအမှုအားကိုင် တွယ်ဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။


ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို စွပ်စွဲခံရသူ ခြောက်ဦးမှာ ကိုဒီ ငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုမြင့် ကျော်စိုး၊ ကိုအောင်မျိုးဦး၊ ကိုစိုး မိုးထွန်း(ခေါ်)သူကြီးနှင့် မသန်္တာ တို့ဖြစ်ပြီး ၎င်းင်းတို့သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီခွဲခန့်တွင် လက်ပံ တောင်းတောင်၌ ငြိမ်းအေးစွာ ဆန်္ဒထုတ်ဖော်နေသော သံဃာ တော်များနှင့် ပြည်သူတို့အား မီးလောင်ဗုံးဖြင့် အကြမ်းဖက် ရက်စက်စွာ ဖြိုခွင်းခဲ့သောကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် အကြမ်းဖက်တရားခံ ဖော်ထုတ်ပေးရန်အတွက် ဆန်္ဒ ထုတ်ဖော်ခဲ့ကြ သောကြောင့် စမ်း ချောင်းမြို့နယ်၊ အလုံမြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို စွပ်စွဲခံထား ရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆက်လက်ရှင်းပြသည်။

ထို့နောက် တရားစွဲဆိုစွပ်စွဲ ခံထားရသူ ခြောက်ဦးမှ တစ်ဦး အပါအ၀င်ဖြစ်သူ ကိုစိုးမိုးထွန်း (ခေါ်) သူကြီးမှ မိမိ၏တရားခံပြ သက်သေအဖြစ် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း) မှ ဦးကိုကိုကြီးအား တင်ပြခဲ့ကြောင်းနှင့် ထိုသို့တင်ပြ ခြင်းမှာ နိုင်ငံသားအခွင့်အရေး၊ ဥပဒေအခင်းအကျင်း များနှင့် ပတ်သက်၍ ကိစ်္စရပ်များအား သက်သေအဖြစ် ထုချေပေရန် အတွက်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

““နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေအခင်းအ ကျင်းနဲ့ပတ်သက်လို့ တိုင်းပြည် မှာရှိနေတဲ့ ပြဿနာတွေ၊ လူမှု ရေးအခင်းအကျင်းပြဿနာတွေ ကြားထဲက ကျွန်တော်တို့ဘာ ကြောင့် ဒီလိုလုပ် ရတာလဲဆိုတာ ဦးကိုကိုကြီးက သက်သေအဖြစ် နဲ့ ထုချေမှာဖြစ်ပါတယ်”” ဟု ကို စိုးမိုးထွန်း(ခေါ်) သူကြီးက ပြော သည်။

အဆိုပါ တရားခံပြသက် သေခေါ်ဆိုသည်မှာ ယခုအကြိမ် ဆိုလျှင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမ အကြိမ် တွင် အလုံ မြို့နယ်တရားရု့းတွင် တင်ပြခဲ့ ခြင်းကာ တရားစွဲဆိုစွပ်စွဲခံရသူ များအား ရုံးတင် စစ်ဆေးမှုမပြီး သေး၍ မခေါ်ဆိုရသေးခြင်းဖြစ် ကြောင်း သိရသည်။

Credit : http://www.yeyintnge.com/2013/08/blog-post_879.html#.UgmwHawR8YI

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။