/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 13, 2013

.

တောင်သူများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးနှင့် တရားစွဲခံရခြင်းများ ရုပ်သိမ်းပေးရေး တောင်ငူမြို့မှ လိုင်ဇာမြို့အထိ လမ်းလျှောက်မည်

ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်း ခံထားရသည့် လယ်မြေများ ပြန် လည်ရရှိရေးနှင့် တောင်သူများ တရားစွဲ ခံထားရသည်များ ရုပ်သိမ်းပေးရေး အတွက် တောင်ငူမြို့မှ ကချင် ပြည်နယ်၊ လိုင်ဇာမြို့အထိ လမ်းလျှောက်မည့် အဖွဲ့ဖြစ်သည့် သံဃာတစ်ပါး၊ လယ်သမား ၁၄ ဦးနှင့် ဦး ဆောင်သူတစ်ဦး အပါအ၀င် ၁၆ ဦးတို့၏ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုရန် လျှောက်ထားခြင်းကို တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်ပြုလိုက်ပြီး သြဂုတ် ၁၄ ရက် နံနက် ၈ နာရီတွင် တောင်ငူမြို့၊ မုခ်ဦးနေရာ မင်းကြီးညိုရုပ်တုမှ စတင်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။


''ဟုတ်ပါတယ်။ ခွင့်ပြုထားပါတယ်'' ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက သြဂုတ် ၁၂ ရက် ညနေပိုင်းက ပြောကြားသည်။

''အခုလျှောက်တာက ပြည်နယ်နှင့်တိုင်း ၁၄ ခုက တောင်သူ လယ်သမားတွေ ကိုယ်စားပြု လျှောက်တာ ဖြစ်တဲ့အတွက် လိုင်ဇာအထိ လျှောက်ပြီးရင် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း တစ်ခုချင်းဆီမှာ ခွင့်ပြုချက် တောင်းခံပြီး ကျွန်တော်တို့ အဖွဲ့က ဆက်လျှောက်ဦးမှာပါ'' ဟု အဖွဲ့ခေါင်းဆောင် ကိုခင်ဇော်က ဆိုသည်။

ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံထားရသော လယ်မြေများ ပြန်လည် ရရှိရေးနှင့် တောင်သူ လယ်သမားများ တရားစွဲ ခံထားရမှုများ ရုပ်သိမ်းပေးရေး အတွက် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်အား သြဂုတ် ၆ ရက်တွင် တောင်ငူမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးသို့ လျှောက်ထားခဲ့ရာ ပုဒ်မ ၈ အရ ငြင်းပယ်ခဲ့ပြီး ပုဒ်မ ၉ အရ အယူခံဝင်ခွင့် လျှောက်လွှာကို ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ သြဂုတ် ၁၁ ရက်နေ့တွင် ထပ်မံငြင်းပယ် ခံခဲ့ရ သော်လည်း သြဂုတ် ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခြင်း လျှောက်ထားမှုကို ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စီတန်းလမ်းလျှောက် ခွင့်ပြုရာတွင် ၁ ပေခွဲ၊ ၂ ပေအရွယ် တောင်သူလယ်သမား အလံတစ်ခုနှင့် ၃ ပေ ၄ ပေ အရွယ်ရှိ အနီရောင် အောက်ခံတွင် အဖြူရောင်ဖြင့် ''ပြည်သူ့ဆန္ဒ တောင်သူဘ၀'' စာတန်းပါ ဆိုင်းပုဒ် စ်ေခုတို့ကို ကိုင်ဆောင်ခွင့် ပြုထားကြောင်း ခွင့်ပြုမိန့်စာအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။