/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 15, 2013

.

တရားစီရင်ရေးစနစ် မှန်ကန်ဖို့ လွှတ်တော်နဲ့ အစိုးရကူညီမှု လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော


dassk-rul-of-law-committee-305.jpg

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ် မှန်ကန်ဖို့ လုပ်ဆောင်ရာမှာ မိမိတို့ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဝိုင်းဝန်ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။


ပြည်သူ့လွှတ်တော်မှာ ဒီနေ့ဆွေးနွေးတဲ့ တရားစီရင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးအပြီး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အခုလို အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှင်းပြစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

“ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တတ်နိုင်သမျှ လွှတ်တော်ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့လိုသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်၊ ကျမတို့ရဲ့ တွေ့ရှိချက်တွေမှာ ကြည့်လိုက်မယ်ဆိုရင် ၂၁ ချက်ရှိပါတယ်၊ အဲဒီထဲက ၉ ချက်ဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ နောက် ၈ ချက်ကတော့ တရားစီရင်ရေးအပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ ၄ ချက်ကတော့ ရဲအဖွဲ့နဲ့ ဆိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။

Credit : http://www.rfa.org/burmese/news/government-parliament-need-help-rule-law-08142013085447.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။