/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 15, 2013

.

ထူးခြား ဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ



ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဗုဒ္ဓ အံတော်တစ်ဆူ၏အရွယ်အစားသည် ဆက်လက် ကြီးထွား လျက်ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိသူများက ပြောကြားထားသည်။


ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင်များသည် အရှည် နှစ်လက်မခန့်ရှိ ဗုဒ္ဓအံတော်အားဖူးမြော်ကြည့်ရှုရန် စုဝေးရောက်ရှိ လာခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဟောင်းဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော်ဖြစ်ပြီး အရွယ်အစားမှာ ပျမ်းမျှအားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။

၎င်းရှေးဟောင်းဗုဒ္ဓမွေတော်တွင် ထူးခြားဆန်းကြယ်သော စွမ်းအင်မျိုးရှိသည်ဟုယူဆရပြီး လက်ရှိတွင် ၎င်းအံတော်သည် ဆက်လက်ကြီးထွားလျက်ရှိကြောင်း LuကMountain ဘုန်းတော်ကြီးကျောင်းရှိ ဘုန်း တော်ကြီး တစ်ပါးဖြစ်သူသောမတ်မိုင်ယာက ပြောကြားထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅ဝဝ ခန့်ရှိပြီး ၎င်းအံတော်အား ဆံတော်တစ်ဆူ အပါအဝင်အခြားသောဓာတ်တော်မွေတော်များနှင့်အတူ အပူဇော်ခံ ပြသ ထားသည်ဟုလည်း ဘုန်းတော် ကြီး မိုင်ယာက ပြောကြားထားကြောင်း သိရသည်။

myawady

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။