/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, August 15, 2013

.

ရန်ကုန်လေဆိပ်တွင် ထိုင်းနိုင်ငံသူတစ်ဦးထံမှ ကျည်ဆံများဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MAI ပိုင်လေယာဉ်ပေါ်သို့ တက်ရောက်စီးနင်းတော့မည့် ထိုင်း နိုင်ငံသူ တစ်ဦးထံမှ သေနတ်ကျည်ဆံများ သိမ်းဆည်းရမိမှုတစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။


အဆိုပါ အမျိုးသမီးသည် လေယာဉ်ပေါ်သို့ တက်ရန်ပြင်ဆင်နေစဉ် လေဆိပ်ဝန်ထမ်းများက လုပ်ထုံး အတိုင်း X-ray စက်ဖြင့် ပြည်ပထွက်ခွာမည့်သူများ၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ ယခုလို ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရဲမှတ်တမ်းတွင် အံ့သြဖွယ်ဖော်ပြထားသည်မှာ ထိုင်းအမျိုးသမီး၏ မစ္စဂိုမက်စ်ဆူရာဖနာပါ၏ အိတ်အတွင်း တွင်တွေ့ရှိရသည့် ကျည်များမှာကျည်အမျိုးအစား ရှစ်မျိုးဖြစ်ပြီး ကျည်ခုနစ်မျိုးအတွက် တစ်တောင့်စီနှင့် ကျန်ကျည် တစ်မျိုးအတွက်သာ နှစ်တောင့်ပါဝင်သည်ကို တွေ့ရခြင်းဖြစ်သည်။

လက်ရှိတွင် သူမကို တရားမ၀င် လက်နက်လက်ဝယ်တွေ့ရှိသူအဖြစ်စွပ်စွဲကာ ရဲအုပ်ထွန်းထွန်းဦးက တရား လိုပြုလုပ် အမှုဖွင့်တိုင်တန်းထားပြီး မင်္ဂလာဒုံရဲစခန်းကလည်း အမှုအမှတ် (ပ)၅၀၅/၂၀၁၃ ဖြင့် အမှုဖွင့် ထားကာ လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနကထုတ်ပြန်သည်။

Credit : http://abbsoluteright.blogspot.com/2013/08/blog-post_3563.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။