/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 13, 2013

.

မလေးရှားက မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ?

1. ပြန်မယ့်သူမှာ ပတ်စပို့စာအုပ်ရှိပါသလား ?

Passport စာအုပ်ရှိပြီး ပါမစ်မရှိပါက မလေးရှားနိုင်ငံ လူဝင်မှု့ကြီးကြပ်ရေး (IMMIGRASI) မှာ Special Pass (ပြည်ထွက်ခွင့်လက်မှတ်) အတွက် သွားရောက် ပြီးဒဏ်ကြေး ၄၀၀ တိတိ ပေးဆောင်ရပါတယ် ။ ထိုသို့ပေးဆောင်တဲ့နေရာမှာ မိမိပြန်ချင်တဲ့ရက် ပြန်လို့မရနိုင်ပါဘူး ၊ လဝက က သတ်မှတ်ပေးလိုက်တဲ့ ရက်မှာ ပြန်ရတာပါ ။ ပထမ ပူထရာဂျာရာ အင်မီဂရေးရှင်းရုံးကို သွားပြီး ပြန်ဖို့ဆောင်ရွက်တဲ့နေရာမှာ နောက်ထပ်တစ်ရက် လာဖို့ ထပ်ချိန်းပါတယ် ၊ ထိုချိန်းတဲ့ ရက်ကိုမှ တစ်ပတ် ခန့်ခွာပြီး လေယာဉ် လက်မှတ် ဝယ်ရတာပါ ။


ထိုသို့ ချိန်းဆိုသောရက် သည် MAI မှပရိုမိုးရှင်းဖြင့် ရောင်းချသော ရက်ဖြင့်တိုက်ဆိုင်ပါက ပရိုမိုးရှင်း ဈေး ၂၄၀ ဖြင့်ဝယ်ယူနိုင်ပြီး MAI မှရောင်းချသည့် ၁၂.၇.၂၀၁၃ နောက်ဆုံးရက်နောက်ပိုင်းမှပြန်ရပါက ထိုရက် အတွက်ရှိသောဈေးဖြင့် သာဝယ်ယူနိုင်မည်ဖြစ်သည် ။

အထက်ပါအတိုင်း မလေးရှားနိုင်ငံ အင်မီဂရေးရှင်းရုံးမှ ချိန်းဆိုသောရက်တွင် လက်ဗွေနှိပ်ရပြီး ပြန်မည့်သူ၏ BIO DATA အားယူထားမည်ဖြစ်ပြီး ၅ နှစ်အတွင်း မလေးရှားသို့ ပြန်လည်ဝင်ရောက် ခွင့်ပြုမည်မဟုတ်ကြောင်းသိထားရန်လိုသည် ။

2. ပြန်မည့်သူမှာ Passport မရှိဘူး မှတ်ပုံတင်ပှဲရှိတယ် ရပါသလား ?

ရပါတယ် .... မိမိတွင်ရှိသော မှတ်ပုံတင် (သို့) မိတ္တူယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် CI ( certificate of identity ) လျှောက်ပြီး CI ရပါက အထက်ပါ Passport ရှိသူများအတိုင်း မလေးရှား အင်မီဂရေးရှင်းရုံးမှာ Special Pass သွားလျှောက်ထားပြီး ပြန်နိုင်ပါတယ် ။

3. Passport ရှိတယ် Permit ရှိတယ် သူဌေးက ပြန်မလွတ်ဘူး ပြန်လို့မရဘူး ပြန်ချင်တယ် ဘယ်လို လုပ်ရမလဲ ?

လက်ရှိ မလေးရှားမှာ အများဆုံး ဖြစ်နေတဲ့ ပြဿနာပါ ၊ မလေးရှားက လုပ်ငန်းရှင်းတွေကတော့ စာချုပ်နဲ့ ခေါ်ယူထားတဲ့သူတို့ အလုပ်သများတွေကို လွယ်လွယ်နဲ့တော့ပြန်လွတ်မှာ မဟုတ်ပါဘူး ၊ ဒါက သူတို့ အတွက် ဆုံးရှုံးမှု့ ဖြစ်တာကြောင့် ပတ်စပို့ပြန်ပေးဖို့ လွယ်မည်မဟုတ်ပါ ။

မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှ အန္တရယ်များလို့ မဖြစ်မနေပြန်မယ်ဆိုရင်တော့ ပထမဆုံး မြန်မာသံရုံးမှာ အသစ်ရောက်ရှိနေတဲ့ အလုပ်သမားရေးရာ သံမှူး ထံ အကူညီတောင်းပါ ။ သူတို့ ညှိနှိုင်း ပေးရင်တော့ အဆင်ပြေလောက်ပါတယ် ။

အဲ့လို မဟုတ်လို့ မိမိတို့ သဘောနဲ့ ပြန်မယ်ဆိုရင်တော့ ..... ဒုတိယ ပတ်စပို့ မရှိတဲ့ သူတွေ လုပ်ရမည့် လုပ်ငန်းစဉ်အတိုင်းလုပ်ရမည်ဖြစ်ပါတယ် ။

ကျွန်တော်တို့ ဘာကူညီပေးသလဲ ?

ယနေ့အထိ ကျွန်တော်တို့ ထံ ရောက်ရှိလာတဲ့ အကူညီအနေဖြင့် ပထမဆုံး မနက်ဖြန် ၁၃.၆.၂၀၁၃ အတွက် အခမဲ့လောယာဉ်လက်မှတ် ဒါနပြုပါတယ် ။ ဒီ့အတွက် ဧရာဝတီ ဖောင်ဒေးရှင်းက လာရောက် ကူညီ သူများက ထောက်ပံတာဖြစ်ပါတယ် ။

ဒုတိယ MAI က ပြန်လိုသော မြန်မာနိုင်ငံသားများ ပြန်နိုင်ဖို့ ၁၂.၆.၂၀၁၃ မှ ၁၂.၇.၂၀၁၃ အထိ လေယာဉ်လက်မှတ် 240RM ဖြင့်ရောင်းချ ပေးသည့်အတိုင်း ပြန်လည်ရောင်းချပေးပါတယ် ။

တတိယ ယခု လာရောက်သည့် မြန်မာပြည်မှ လုပ်ငန်းရှင်ကြီးမှာရဲ့ အလှူးငွေနဲ့ အကူညီကို သယ်ဆောင် လာကြတဲ့ ဧရာဝတီ ဖောင်ဒေးရှင်းရဲ့ အကူညီ များ ဘယ်လိုကူညီမယ်ဆိုတာကို ဒီညနေ အစည်းဝေးပြီးမှာ ကျွန်တော် ဒီစာမျက်နှာပဲ ဖော်ပြပါ့မယ် ။ အလှူရှင်များကညီမည့်အတိုင်း ထိထိရောက်ရောက် ကျွန်တော် တို့ ကူညီပါ့မယ် ။

ဒါဆို ပြန်မည့်သူများအတွက် ရှင်းလောက်ပြီထင်ပါတယ်။ ဆက်လက်ပြီး update ဖြစ်မယ့် အကြောင်းအရာ ၊ ပြောင်းလဲမှု့တစ်ခုခု ရှိပါက ကျွန်တော်တို့ ချက်ချင်း တင်ဆက်ပေးသွားပါ့မယ် ။

ကျွန်တော်တိုခံလာရောက် ဆောင်ရွက်သူများအတွက် ကျွန်တော်တို့ ဆက်တိုက် အီမီဂရေးရှင်းရုံးကို လွတ်ပေးနေပါတယ် ။

ကျွန်တော်တို့တွေက ...

ရွှေလူငယ် - ၀၁၂ ၄၄၆၈၈၄၂ (ကိုမျိုး ဧဒင်ဥယျာဉ်)

ပညာအိမ် - ၀၁၇ ၃၀၇၄၆၂၂ ( ဦးမျိုးညွှန့်)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။