/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 13, 2013

.

တရားမ၀င် ဇီဝဇိုးငှက်သိုက်အံဖတ်သယ်ဆောင်လာသူအားအရေးယူ



၁၂-၆-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ မှရန်ကုန်သို့ ထွက်ခွာ မည့် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်မည့် ပစ္စည်း များအား လေဆိပ်လုံခြုံရေးတာဝန်ကျ ရဲ တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့တို့မှ စစ်ဆေးစဉ် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်နေ ဒေါ်ကြည်ကြည် (၄၈) နှစ်မှရန်ကုန်တိုင်းဒေသကြီး၊ ကျောက်မြောင်းဈေး အနီး၊ ကျားကွက်သစ်လမ်းနေ ဒေါ်ရီစုစုတင် နှင့် ဒေါ်မိုးမိုးအေးတို့ထံပေးပို့မည့် ကတ်္ထူပုံးအတွင်းမှ အလေးချိန်(၁၀)ကျပ်သားခန့်စီပါ ဇီဝဇိုးငှက်သိုက်အံဖတ် ၈ ဗူး၊ (၁)ကျပ်သားခန့်ပါ ၁ ဗူး၊ စုစုပေါင်း အလေးချိန်(၈၁)ကျပ်သား၊ တန်ဘိုးငွေကျပ်(၂၀၂၅၀၀၀ိ/-)အား ရှာဖွေတွေ့ရှိခဲ့သဖြင့် တရားမ၀င် တင်ပို့ သူ ဒေါ်ကြည်ကြည်မြင့်အား မြိတ်မြို့မရဲစခန်း (ပ)၂၄၅/၂၀၁၃၊ တောရိုင်း တိရစ္ဆာန်၊ သဘာဝ အပင်များကာကွယ်ထိန်းသိမ်းရေးနှင့် သဘာဝ နယ်မြေများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၆(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။