/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 13, 2013

.

ရန်ကုန်မြို့ပတ်ရထားများ ဂျီပီအက်စ်တပ်ရန် စီစဉ်နေ


Train-1

ရန်ကုန်မြို့ပတ်ရထားများအား တည် နေရာ ပြစနစ် (GPS) သုံးကိရိယာများ တပ်ဆင်ရန် စီစဉ်နေကြောင်း မြန်မာ့ မီးရထား ရန်ကုန်တိုင်း အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုး က ပြော သည်။


ထိုကိရိယာကို eTrade Myanmar ကုမ္ပဏီက တပ်ဆင်ပေးခြင်းဖြစ်ကာ အသုံးပြုရမည့်နည်းနာများကိုလည်း သင်ပြပေးသွားမည်ဖြစ်ပြီး စမ်းသပ်တပ်ဆင်မှုများပင် စတင်နေပြီ ဖြစ်သည်။


ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသောမြို့ပတ်ရထားစက်ခေါင်း ၂၁ ခုရှိပြီး တည်နေရာပြ ကိရိယာများကို စက်ခေါင်းအားလုံးတွင် တပ်ဆင်သွားမည်ဖြစ်သည်ဟု မြန်မာ့မီးရထားမှ အရာရှိတစ်ဦး က ပြောသည်။

တည်နေရာပြကိရိယာ တပ်ဆင်ထားခြင်းဖြင့် "ရထားတွေ ဘယ်ရောက်နေလဲဆိုတာ အချိန်နဲ့တပြေးညီ သိနိုင်မယ် ဘယ်လောက် မြန်နှုန်းနဲ့သွားနေတယ်၊ ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာလည်း သိနိုင်တယ်" ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

ယင်းတည်နေရာပြစနစ် တပ်ဆင်ရန် GSM မိုဘိုင်းဖုန်းဆင်းမ်ကဒ်များကို အသုံးပြုရန် လိုအပ်သောကြောင့် မြန်မာ့ဆက်သွယ်ရေးတွင် Server တစ်ခုထိုင်ရမည်ဖြစ်ကာ အခွန်ပေးဆောင်သွားရမည် ဖြစ်သည်ဟု မြန်မာ့မီးရထားဌာနက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တင်ပြထားဆဲ အခြေအနေသာရှိသေးသဖြင့် စတင်အသုံးပြုမည့်ချိန်ကို အတိ အကျ မသိရသေးပေ။ "ဂျီပီအက်စ်တပ်ဆင်ရင် ဘယ်လို ကုန်ကျစရိတ်တွေရှိလာနိုင်တယ်ဆိုတာကို အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ကို တင်ပြထားပြီး သူကတစ်ဆင့် ရုံးချုပ်အဆင့် နေပြည်တော် ကို တင်ပြထားပြီး အဲ့ဒီမှာမှ ဆုံးဖြတ်မှာပေါ့" ဟု ဦးကျော်ကျော်မျိုး က မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကျွန်းမှ ရန်ကုန်ဘူတာကြီးသို့ နေ့စဉ်ရထားစီးနေသော ခရီးသည်တစ်ဦးက "ရထားတွေက အချိန် မမှန်ဘူး တစ်ခါတစ်လေ ကြားထဲမှာ ပျောက်နေတာလည်း ရှိသေးတယ်" ဟု ရန်ကုန်မြို့ပတ်ရထား များ၏ လက်ရှိအခြေအနေကို မှတ်ချက်ပြုသည်။

http://www.mizzimaburmese.com/news/inside-burma/12007-2013-06-13-00-19-58.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။