/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 31, 2013

.

ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန်တော့မယ်


ရခိုင်အရေးအခင်း ဖြစ်တုန်းက ပြဿနာရဲ့ ဇစ်မြစ်ကို အသေအချာ မလေလ့ာဘဲ ရခိုင် တွေကိုဘဲ တဘက်သတ် လူရိုင်းတွေ၊ မယဉ်ကျေး သူတွေ၊ ရန်လိုသူတွေ အဖြစ် သတင်းဌာနကြီး တချို့က ပုံဖေါ် ပြောဆိုခဲ့တာတွေ ရှိသလို၊ အဖွဲ့ အစည်း တချို့၊ လူပုဂ္ဂိုလ် တချို့ကလည်း ဒီလိုဘဲ ထပ်တူ ပြောဆိုမူတွေ ရှိခဲ့ပါတယ်။


အဲဒီတုန်းက ရခိုင်ဘက်မှာ ပြဿနာတွေနဲ့ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ အတွက် ဘာမှ တုန့်ပြန် မပြောခဲ့ဘဲ တိတ်တိတ်ကလေးသာ နေခဲ့ပါတယ်။ ပြောချင်စရာတွေက ရင်ထဲ အပြည့်ပါ။ ပြန်ပြောရင်လည်း အင်အားနည်းနေတဲ့ ရခိုင်တွေကိုဘဲ အပြစ်တွေ ထပ်တင်လာကြမှာမို့ ဆိတ်ဆိတ် ကလေး နေခဲ့ပါတယ်။


ရခိုင်ပြဿနာပြီးတော့ မိတ္ထိလာမှာ ဖြစ်တယ်။ အဲဒီကတဆင့် နေရာ အတော်များများကို ကူးစက် ပျံ့နှံ့ပြီး ပဲခူး တိုင်းဒေသကြီး အနောက်ခြမ်း နေရာတချို့နဲ့ ဥက္ကံမြို့မှာ ထပ်ဖြစ်တယ်။ အခု တစ်ခါ ရှမ်းပြည်နယ် လားရှိုးမှာ ထပ်ဖြစ်တယ်။

ပြောချင်တာကတော့ ရခိုင်တွေကို ဘင်္ဂါလီ မွတ်ဆလင် ဘာသာဝင်တွေနဲ့ အဓိဂရုဏ်းတွေ ဖြစ်တဲ့ အတွက် အရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ၊ ရန်လိုသူတွေလို့ အဲသလိုမျိုး ပုံဖေါ် စွပ်စွဲ သတ်မှတ်ရင် ဗမာတွေကော ယဉ်ကျေးပါရဲ့လား။ အခုတော့ ရှမ်းပြည်နယ်မှာ ထပ်ဖြစ်တယ်။ ရှမ်းတွေကော ယဉ်ကျေးပါရဲ့လား။

ဒီအတိုင်းဆို ရှမ်းတွေလည်း လူရိုင်းတွေ ဖြစ်ကုန် ကြပါတော့မယ်။

တရုတ်မှာ ဟန်တရုတ်တွေနဲ့ ၀ိဂါ မူဆလင်တွေ ဖြစ်ကြတယ်။ သေကြတယ်။ မီးရှို့ ဖျက်ဆီး ခံကြရတယ်။ အများကြီးပါဘဲ။ တရုတ်တွေကို မယဉ်ကျေးတဲ့သူတွေ၊ အရိုင်းတွေလို့ သတ်မှတ်လို့ ရနိုင်ပါ့မလား။ အိန္ဒိယမှာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ ဘာသာရေး အဓိဂရုဏ်းတွေ ဖြစ်နေကြတာ ခဏခဏ ပါဘဲ။ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာတောင် ဆိုနီနဲ့ ရှီယက် ကိုးကွယ်သူတွေ အကြားမှာ တိုက်ကြ၊ ခိုက်ကြ၊ သေနေကြတာ နေ့တိုင်းပါဘဲ။ သူတို့ကိုကော မယဉ်ကျေးတဲ့ သူတွေလို့ သတ်မှတ် ပြောဆိုလို့ရနိုင်ပါ့မလား။

လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တယ်ဆိုတာ လူမျိုး တစ်မျိုး ယဉ်ကျေးတယ်၊ မယဉ်ကျေးမူ ဆိုတာနဲ့ မသက်ဆိုင်ပါဘူး။ လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဆိုတာ လူသား မျိုးနွယ် တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် လူမျိုးရေး ဘာသာရေး အဓိဂရုဏ်း ဖြစ်တိုင်း ပြဿနာရဲ့ အရင်းအမြစ်ကို အသေအချာ မလေ့လာ မဆန်းစစ်ဘဲ အရိုင်းအစိုင်းတွေ၊ လူ့ယဉ်ကျေးမူတွေကို နားမလည်တဲ့သူတွေလို့ ပုံဖေါ်စွပ်စွဲ ပြောဆိုမယ် ဆိုရင် မှားသွားနိုင်ပါတယ်။ အကယ်၍ စွပ်စွဲမယ်ဆိုရင်တော့ ဒါဟာ တရားနည်းလမ်း မကျဘူးလို့ ပြောဆိုရမှာ ဖြစ်ပါတယ်။

အခု လားရှိုးမှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်ပါ။ ဓါတ်ဆီရောင်းနေတဲ့ ဗုဒ္ဓဘာသာ ဗမာ အမျိုးသမီး တစ်ဦးကို မွတ်ဆလင် တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့တိုက်ခိုက်တယ်။ ဒဏ်ရာပြင်းထန်တဲ့ အတွက် ဆေးရုံကို အတွင်းလူနာ အဖြစ် တင်လိုက်ရတယ်။ ဒီလို ကျူးလွန် စော်ကားမူ အပေါ်မှာ ဘာသာ တူတွေက မခံရပ်နိုင် ဖြစ်ကြတယ်။ ဗလီတွေ ဈေးဆိုင်တွေကို လက်တုန့်ပြန်တိုက်ခိုက်ကြတယ်။ ခုလို ပြဿနာမျိုး အစ္စလာမ်ဘာသာဝင်တွေ အများစုနေတဲ့ တိုင်းပြည် တစ်ခုမှာ ဖြစ်ကြည့်ပါလား။ မွတ်ဆလင် အမျိုးသမီး တစ်ဦးကို ဗုဒ္ဓဘာသာ တစ်ဦးက ဓါတ်ဆီ သွန်ပြီး မီးရှို့ကြည့်ပါလား။ ဘာဖြစ်သွားမလဲ။ ( မယုံရင် စမ်းကြည့်ပါ)

ပဋိပက္ခ ဖြစ်စဉ်တိုင်းမှာ အကြောင်းနဲ့ အကျိုး အစဉ် အမြဲ ဆက်စပ် ဒွန်တွဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဘာသာရေး လူမျိုးရေး အဓိဂရုဏ်းဖြစ်တိုင်း လူရိုင်းတွေ၊ မယဉ်ကျေးတဲ့သူတွေ အဖြစ် စွပ်စွဲ လက်ညိုး ထိုးမယ်ဆိုရင်တော့ ကမ္ဘာကြီး တစ်ခုလုံးကို မယဉ်ကျေးသေးတဲ့ ကမ္ဘာအဖြစ် လက်ညိုး ထိုးကြရမှာ ဖြစ်ပါတယ်။ လူမျိုး တစ်မျိုး အပေါ်မှာသာ ခုလို စွပ်စွဲမူ ဝေဖန် ပြစ်တင်မူတွေ ရှိနေရင်တော့ ဒါဟာ လူမျိုးရေး အရ တမင်သက်သက် စော်ကား မူတစ်ခုလို့ဘဲ သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။

Credit : Here

3 comments:

  1. ဒီ အဓိကရုဏ်း ဖြစ်စဉ်တွေ မှာ နောက်က
    ကြိုးကိုင်သူ ပါတယ်တဲ့။ဦးအောင်မင်း ကိုယ်
    တိုင်ပြောတာဘဲလေ။ မယုံဘူးလား။
    ကိုနေဝင်း ဆိုတာ ရှမ်းသွေး ပါတာဘဲ။
    အဲဒီ အမျိုးသမီး ကလည်း ရှမ်းဘဲ။ ဘာသာ
    ဘဲ ကွာတာ။ ရှမ်း အချင်းချင်းဘဲလေ။ ပြီး အဲဒီ
    လူကို ဖမ်းမိထား ပြီးပြီ။ တရားဥပဒေ အတိုင်း
    ဆုံးဖြတ်လိမ့်မှာပေါ့။ ဒါကို ပြသနာ မကြီး ကြီး
    အောင် လုပ်ယူနေကြ တာကိုက မရိုးသား တာ
    စဉ်းစား ချင်ရင် (စဉ်းစားချင်မှနော်) အဖြေ ရနိုင်
    ပါတယ်။ ဒီလူ့ရည်ရွံယ်ချက် ကဘာလဲ။
    နောက်ပြီး ဆူပူသောင်းကျန်း သူတွေ
    ဘယ်က ပေါ်ပေါ် လာတာလဲ။ အဲဒီလူ တွေ
    က စပေးပြီး ပျောက်သွားကြတယ်။
    မစဉ်းစား မဆက်ချင်နိုင် တဲ့ မြို့ ခံတချို့ သာ
    ကျန်ခဲ့ ပြီး အဖမ်းခံရ တယ်။ ပြီး မြို့ခံတွေ
    လုပ်တယ် ဖြစ်ကုန်ရော။
    ဥက္ကံ ကိစ္စေ ကြည့်ပါ။ မတော်တဆ မှုလေး
    တခုပါ။ သပိတ်ပြန်ဝယ်ပေး တာ။ဆွမ်း အသစ်
    ပြန်ကပ် ခဲ့ပြီးပါပြီ။ ဒီဖြစ်ရပ် မှာ ဘာကြောင့်
    ဒီလောက် အထိ ဖြစ်သွား ရတာလဲ။
    ဒါတွေဟာ အကွက်ကျကျ ချမှတ် လုပ်ဆောင်
    ခဲ့ကြတာပါ။
    တိုင်းပြည် ဆူပူအောင်လို့ပါ
    ဒါတွေကို သေသေချာချာစဉ်းစား ကြပါ
    မျက်လုံးမှိတ်ပြီး ရမ်းမအော်နေုကြပါနဲ့

    ReplyDelete
  2. ဦးဝင်းထိန် ဆိုတဲ့လူဟာရုပ်ကြည့်တာနဲ့လူယုတ်မာဆိုတာကလေးကအစမှတ်ချက်ချလို့ရတယ်

    ReplyDelete
  3. ဦးဝင်းထိန်တဲ့နာမည်ကိုကကျက်သရေမရှိဘူး
    ပြောလိုက်တဲ့စကားကိုကအဓိပ္ပါယ်မရှိဘူး
    ငါတို့ဗုဒ္ဓဘာသာလူမျိုးတွေဟာဘယ်လူမျိုးခြားဘာသာခြားတွေကိုအရင်ဆုံးရန်စနောက်ရှက်ဖူးသလဲ
    မြင်ကြည့်ပါစဉ်းစားကြည့်ပါ ဦးဝင်းထိန်
    မူဆလင်တွေဘဲရှိတဲ့နိုင်ငံမှာကိုယ့်ကိုကိုယ်သေကြောင်းဘယ်သူမှမကြံစည်ဘူးခင်ဗျားရောရှို့ရဲလားမေးပါရစေဦးဝင်းထိန်
    အခုဒီမူဆလင်လူမျိုးဘာသာခြားကောင်ကဘာလို့လာရန်စတာလဲဆိုတာခင်ဗျားမစဉ်းစားတတ်ဘူးလား
    ဒါနဲ့များသူ့ကိုယ်သူပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဲ့မရှက်ဘူးလားဗျာ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။