/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 31, 2013

.

ဆေးကြောင့် ရောဂါ မဖောက်ဖို့လိုသည်



ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် လွှတ် တော်တွင်းကော်မတီ ဖွဲ့ခြင်း၊ နိုင်ငံရေး လေ့လာ သူများ၊ အ ရပ် ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီ အချို့ကပြောဆိုဆွေးနွေးလာခြင်းတို့ မရှေး မနှောင်းပင် မေ လ ၂၃ ရက် နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေး နှင့်စပ်လျဉ်း၍ သဘော ထားတစ်ရပ် ထုတ်ပြန် လိုက်သည်။


လက်ရှိလွှတ်တော်တွင်း အမတ် ဦးရေလက်နှစ်ဖက်စာပင် မပြည့်သော (NDF) ပါတီသည် ၂ဝ၁၂ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲကြိုကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး တွင်တွင် ပြော၍ လွှတ်တော်တွင်း ဝင် လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်၍ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက် ပွဲဝင် လာသော ပါတီတစ်ခုဖြစ်သည်။ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး အချိန်ကာလအသုံးပြု၍ အခက်ခဲဆုံး ရေးဆွဲ ထားသော ဥပဒေတစ်ရပ်ဖြစ် သော အခန်း ၁၅ ခန်းရှိ ယင်းဥပဒေ၏ အခန်း ၁၃ ခန်းထဲမှ အရေးကြီးဥပဒေ များ ကိုပြင်ဆင်ပယ်ဖျက်ရန် သဘောထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုမတိုင်မီကလည်း ပြည်ပအခြေ စိုက်လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ က အခြေခံဥပဒေတွင် ပြင် ဆင်စေ လို သည့်အချက်များကို အခန်းစဉ်လိုက် အကြံပြုရေးသား၍ ၎င်းတို့၏ အင်တာ နက်စာမျက်နှာ၌ ဖော်ပြ ခဲ့သည်။ ”အခြေခံဥပဒေဟာ ပြင်မယ်ဆို ပြင်သင့်တဲ့အချိန်ရောက်နေပြီ”ဟု NDF ပါတီခေါင်းဆောင် ဒေါက် တာသန်းငြိမ်း ကပြောသည်။ ခက်ခဲရှုပ်ထွေး၍ အစဆွဲထုတ်ရန် ခက်လှသော အဆိုပါ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသစ်တစ်ဖန် ပြန် လည်ရေးဆွဲရန်ပင် ပြောကြားသူများ လည်းရှိကြသည်။ တိုင်း ရင်းသားလက်နက် ကိုင်များနှင့် ထာဝရငြိမ်းချမ်းရေး၊ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန် သော ဒီမို ကရေစီအရေးနှင့် ပြည်ထောင် စုစစ်စစ်ဖြစ်ပေါ်ရေးအတွက်လိုလားသူ တိုင်းက တစ်ဦးနှင့်တစ်ဦး ယုံကြ ည်မှု ထားရန် တိုက်တွန်းပြောကြားကြသည်။

”လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကပြင်ဆင်ဖို့ တော်တော်ခက်ခဲတဲ့အထဲ မှာပါတာလည်း မှန်တယ်ဗျ။ ပြင် ရ မှာ တော်တော်ခက်တယ်။ နောက်တစ်ခု ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်မှုက အပြည့်အဝ မရှိသေး ဘူး။ ပွင့်ပွင့်လင်း လင်းပြောရရင် အစိုးရနဲ့ ပြည်သူလူထု၊ တိတိကျကျပြောရရင် တပ်နဲ့ပြည်သူ ကြားမှာ ယုံကြည် မှုက ပျောက်နေတာ ကြာပြီ။ ဒီအနေအထားမှာ ကျွန်တော် တို့က လိုချင်တာကို တစ်ပြိုင်နက် တည်း တွန်းတင်လိုက်ရင် သံသယတွေဖြစ်ပြီး တော့ တိုင်းပြည်တည်ငြိမ်မှုအတွက် မ ကောင်းဘူး။ ရှု ပ်ရှုပ်ထွေးေ ထွး ဖြစ်ကုန် မယ်။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း ပဲသွားစေချင်တယ်။ မပြင်လို့တော့မရ ဘူးေ ပါ့။ ပြင်စရာရှိတာ ပြင်ရမှာပဲ။ လက်တွေ့ဖြစ်နိုင်တဲ့ကိစ္စ၊ လက်ရှိဖြစ်နေ တဲ့ သံသယတွေကို မကြီးထွားစေ ဘဲ နည်းစေမယ့် ကိစ္စမျိုးတွေရွေးပြင်စေချင် တယ်”ဟုလက်ရှိမြန်မာ့နိုင်ငံရေး ဝေဖန် အကြံပြုဆောင်းပါးများ အစဉ် မပြတ် ရေးသားနေသူ ဆရာကျော်ဝင်းက ပြော သည်။ စာရေးဆရာကျော်ဝင်း၏ အဆို အရ လက်တွေ့ အဖြစ်နိုင်ဆုံးနှင့် အလုပ် ဖြစ်ရေးဦးစားပေးရန် အရေးကြီးသည်ဟု ဆိုသည်။

ယင်းသည် ပြည်သူယုံကြည်သော နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်း၊ ရွေးကောက်ခံ တိုင်းပြု ပြည်ပြုလွှတ်တော်အမတ်များ၊ ပြည်သူ လူထုအခြေပြု အဖွဲ့အစည်းများ စသည့် သုံးဖက်မြင် အနာ ဂတ်မှ ဖြစ်နိုင်ခြေများ ရှာရမည်ဟု မြန်မာနိုင်ငံရေး လေ့လာ စောင့်ကြည့်သူတို့က သုံးသပ်ကြသည်။ ”လွှတ်ေ တ်ာပြင် ပမှာ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ရပ် ကျင်းပ မယ်ဆိုရင် ထွက်လာတဲ့ရလဒ်က လွှတ် တော်နဲ့ သဟဇာတဖြစ်မယ်လို့ ကျွန် တော်မြင်တယ်။ အဲဒါကို လွှတ်တော်က ပေပြီး ငြင်းမယ်ဆို ရင်ေ တာ့ ပြည်သူ့ဆန္ဒ ကို သွေဖီတာပဲလေ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေး က ပြောသည်။

သို့သော် ၎င်းက အရပ်ဖက် အဖွဲ့ အစည်းရှိ ပြည်သူများအနေဖြင့် တစ် ယောက် တစ်ပေါက် မဖြစ်ဖို့ လိုကြောင်းပါ ထည့်ပြောသည်။ထို့အပြင် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ကိစ္စ သည် လည်း ခက်ခဲသော အကြောင်း အရင်းတစ်ခုဖြစ်ကြောင်း၊ လွှတ်တော် တွင်းရှိ ၇၅ ရာခိုင်နှုန်းသော အရပ် ဝတ် လွှတ်တော်ကိုယ်စားလှယ်များ အပြည့် အဝရှိမနေခြင်းအပြင် ၇၅ ရာခိုင်နှုန်း အပေါင်းတစ်ဆိုသော အရာ မှာ အင်မ တန်ခက်ခဲကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြော သည်။

”နိုင်ငံရေး အကျပ်အတည်း ဆို တာက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တဲ့ အချိန်မှာ ဖြစ်လာလိမ့်မယ်။ ဘာဖြစ် လို့ လဲဆိုတော့ ကျွန်တော်မှန်းထားတာက အခြေခံဥပဒေကပြင်လို့မရအောင် လုပ် ထားတာကိုး”ဟု လွှတ်ေ တာ် တွင်းက အခြေခံဥပဒေပြင်ရေး အခက်အခဲကို ဒေါက်တာအေးမောင်က ထောက်ပြသည်။သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် သူရဦးရွှေမန်းကဲ့သို့ သော ပြည်သူလူထုယုံကြည်ရနိုင်ခြေရှိ သူ များ တံခါးပိတ် ဆွေးနွေးအဖြေရှာ ခြင်းကလည်း ကောင်းမွန်သော ရလဒ် တစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း ပြော ဆို ကြသူများ ရှိသည်။ယင်းသည် အဖြစ်နိုင် ဆုံးအခြေအနေတစ်ရပ် ဖြစ်သည်မှာ ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုအပြီး အမျိုးသား ရင်ကြားစေ့ရေး လက်ရှိခြေလှမ်းများက သက်သေ ခံနေသည်။

”ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အဟန့်အတားဖြစ်နေ တဲ့ အချက်ပြင် လို့ရကောင်း ရနိုင် တယ်။ အစိုးရဘက်ကလည်း သိပ်တင်းတင်းမာ မာ ကန့်ကွက်ချင်တဲ့သဘောထားရှိချင် မှ ရှိလိမ့်မယ်။ဒါမျိုး ဆို ရကောင်းဆုံးရနိုင် တယ်။ နောက်တစ်ချက်က လူမျိုးစု ပြဿနာတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ။ ဒါတွေ ကပြည် တွင်းစစ်ရပ်စဲရေးအတွက် အဟန့်အတား ဖြစ်နိုင်တာတွေ။ အဲဒီ အထဲက အချို့အချက်တွေ ပြင်လို့ ရ ကောင်းရနိုင်တယ်။ ငြိမ်းချမ်းရေး လမ်း ပြမြေပုံအဆင့် ၃ နဲ့လွှတ်တော်နဲ့ ညှိ လုပ်ရမယ့်ကိစ္စတွေပေါ့ဗျာ။ ထင် ရာမြင် ရာလုပ်လို့တော့ မရဘူး။ ရနိုင်တဲ့ ကိစ္စ တွေရှိပါတယ်။ တော်တော်ခက်ခဲတဲ့ ကြားထဲက ကိုရနိုင် ပါတယ်” ဟု စာရေး ဆရာကျော်ဝင်းက သူ၏အမြင်ကို ပြော သည်။

ထို့အပြင် အခြားနည်းလမ်းတစ်ရပ် မှာလည်းဒေါ်အောင်ဆန်းစုကြည် ပြော ကြားခဲ့သည့် ၂၁ ရာစု ပင်လုံညီ လာခံ ပုံစံ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံရေး အဖွဲ့အစည်း များတွေ့ ဆုံညှိနှိုင်း အဖြေ ရှာသော နည်း လမ်းတစ်ရပ်ဖြင့်ချဉ်းကပ်ရန်လိုကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လှိုင်က ပြောသည်။ ”အခြေခံဥပဒေမှာ အာဏာရ (USDP) ပါတီ ကိုယ်တိုင်ပြင်လို့ မရတဲ့ အချက်တွေရှိတယ်။ ကြောက်တာ တော့ သူတို့လိုချင်တဲ့အချက်တွေကိုပဲ ကြည့် ပြီးပြင်သွားမှာကိုပဲ စိုးရိမ်တယ်။ နိုင်ငံ ရေးဆွေးနွေးမှုမှာ အကုန်လုံးရအောင် ညှိနှိုင်းဖို့ လိုတယ်။ တစ်ခါ တည်းတော့ အဆင်ပြေသွားဖို့ ဘယ်လွယ်ပါ့မလဲ။ ရအောင်ညှိနှိုင်းဖို့လိုတယ်။ အမျိုးသား ညီ ညွတ်ရေး ဆိုတာက ရှိသေးတယ်လေ။ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေအား လုံး လွှတ်တော်ပြင် ပမှာ ပဲလေ။ ကျွန် တော်တို့တိုင်းပြည်ရဲ့ အကျပ်အတည်းက နိုင်ငံရေး မပြေလည်လို့ ဖြစ်နေတာ။ နိုင်ငံရေး မပြေ လည် လို့ပဲ လက်နက်ကိုင် တော်လှန်နေကြတယ်။ နိုင်ငံရေးမပြေ လည်လို့ပဲ ၂ဝဝ၈ အခြေခံဥပဒေကို အတင်း အ ကျပ်ရေးပြီးတော့ ပြဋ္ဌာန်း သွားကြတယ်။ အဲဒါတွေ အားလုံးကို ပြန်ချုပ်လိုက်မယ်ဆိုရင် ကျွန်ေ တာ် တို့ဆီ မှာ နိုင်ငံရေးမပြေလည်မှုဟာ အကျပ် အတည်းတွေကို ဖြစ်စေတယ်။ ပြဿနာ အရင်းခံကတော့ နိုင် ငံရေးပြေ လည် အောင်လုပ်ရမယ်ပေါ့” ဟု ဦးစိုင်းညွန့် လှိုင်က ဆက်လက်ပြောသည်။

လက်ရှိ အာဏာရ ပါတီကြီးဖြစ် သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ တစ် ဦးဖြစ် သူ ဦးဌေးဦးက အခြေခံဥပဒေ ပြင်ဆင် ရေးသည် တို့တာဝန် အရေးသုံးပါး မထိ ခိုက်ပါက ပြင်ဆင် လို့ ရကြောင်း ပြည် တွင်းမီဒီယာတစ်ခု၌ဖြေကြားချက်အရ သိရသည်။ ယင်းသည် အကြီးမားဆုံး အခက် အခဲ မဟုတ်သည့်တိုင် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး လက်သုံးတော် ဓားအဖြစ် အသုံးပြုကာ လုပ်သမျှ ပုဒ် မတပ်အရေးယူမှု ရှိခဲ့ခြင်းကြောင့် စိုးရိမ် ပူပန်မှုရှိကြသည်။ အထူးသဖြင့် အာ ဏာရပါတီခေါင်းဆောင် တစ်ဦး ၏ နှုတ် ထွက်စကားဖြစ်ခြင်းကြောင့် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း နိုင်ငံ ရေး လေ့ လာ အကဲခတ်သူများက ပြော သည်။

အထက်ပါကဲ့သို့ အကျပ်အတည်း များစွာဖြစ်ပေါ်နေသော်လည်း လွှတ် တော်က အခြေခံဥပဒေ ပြင်ရေး မီး စိမ်း ပြပြီးချေပြီ။ ၁၉၉၃ ခုနှစ်မှစ၍ ဆယ်စု နှစ်တစ်ခုကျော်ကြာ အချိန်ပေးရေးဆွဲ ခဲ့သော ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်း ပုံ အခြေခံ ဥပဒေသည် ကမ္ဘာတွင် အချိန်အကြာဆုံး နှင့် ပြင်ဆင်ရန်အခက်ခဲဆုံး ဖြစ်နေ သည်မှာ လူ တိုင်းငြင်း မရ။ တကယ်ပြင်ရ မရ ဆိုခြင်းမှာ မဝေးတော့ဟု ဆိုသည်။

”အခြေခံဥပဒေ ပြင်ဆင်ရေးရဲ့ ရည်မှန်းချက်ကိုက ဖြစ်လာနိုင်တဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှား ဖို့ပဲ ဖြစ် သင့်တယ်။ တော်ကြာနေ ဆေး ကြောင့်ေ ရာဂါတိုးတာမကောင်းဘူး” ဟု စာရေးဆရာ ကျော်ဝင်း က မှတ်ချက် ပြုသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။