/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 31, 2013

.

ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ အဖွဲ့တို့နှင့် ပတ်သက်၍ ဆရာတော် ဦးဝီရသူ ဝေဖန်ပြောဆို



ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဘက်မှ ရပ်တည်ခြင်း မရှိဘဲ အစ္စလာမ်ဘာသာဝင်များဘက်မှသာ ရပ်တည်နေ ကြောင်း မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်မှ ဆရာတော် အရှင်ဝီရသူမှ ဝေဖန်ပြောကြားခဲ့သည်။


ယခုလ ၂၂ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်တွင် ပြုလုပ် သည့် တိုင်းမဂ္ဂဇင်းမှ သတင်းထောက်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုသွားကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဆရာတော် ၀ီရသူမှ “ဒေါ်စု သည် လုံးဝအားကိုး၍ မရကြောင်း၊ ကုလားများနှင့် ပတ်သက်၍ စကားတစ်လုံးမှ ၀င်မပြော ကြောင်း၊ မွတ်ဆလင်များ ငိုပြသည်ကို အဟုတ်ထင်ပြီး မွတ်ဆလင်ဘက်သို့ ယိမ်းယိုင်နေကြောင်း၊ ကျောက်နီမှော်တွင် ရခိုင်အမျိုးသမီးအား အနိုင်ကျင့်စော်ကားပြီး သတ်ဖြတ်ချိန်တွင် ဘာမှမပြောဘဲ ရခိုင်များ ကုလားကို သတ်မှ မလုပ်သင့်ကြောင်းဖြင့် ၀င်ရောက်ပြောဆို ကြောင်း၊ ၎င်းတို့ NLD ပါတီ အတွင်း၌ ကုလားအများစုရှိကြောင်း၊ ၎င်းတို့မှ နေရာယူထားသည့်အတွက် ဒေါ်စု အနေဖြင့် ကုလားများ၏ စကားကိုသာ နားယောင်နေကြောင်း” ဟု ပြောကြားသွားသည်။ 

၎င်းနောက် သတင်းထောက်က ၈၈ ကျောင်းသားအဖွဲ့နှင့် ပတ်သက်၍ မေးမြန်းရာ “ NLD ပါတီပြီးလျင် ၎င်းတို့ကို အားကိုး ရသည်ဟု ယခင်က ထင်မြင်ခဲ့ကြောင်း၊ သို့သော် အထင်နှင့်အမြင် အားလုံးလွဲမှား ခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင် ဘာမှလုပ်မပေးခဲ့ကြောင်း၊ ပါးစပ်က ဟောင်ဖွာဟောင်ဖွာနှင့် လျှောက်ပြော နေပြီး လက်တွေ့တွင် ဘာမှ လုပ်မပေးကြောင်း၊ နည်းနည်းမှ သုံးမရကြောင်း” ဟု ပြောကြားသွားသည်။ 

၎င်းတွေ့ဆုံမေးမြန်းခန်းတွင် ဆရာတော် ၀ီရသူမှ ၎င်းအနေဖြင့် အစ္စလာမ်ဘာသာဝင်များကို မမုန်း ကြောင်း၊ ဗုဒ္ဓဘာသာဝင်များအား အနိုင်ကျင့်စော်ကားနေမှုများကို ကာကွယ်ခြင်းသာဖြစ်ကြောင်း အစ္စလာမ် ဘာသာဝင်များသည် ရည်ရွယ်ချက် ရှိရှိဖြင့် မြန်မာနိုင်ငံအား အစ္စလာမ်နိုင်ငံဖြစ်ရန် ကြံစည်နေကြောင်း ပြောကြားသွားသည်။

Credit : https://www.facebook.com/koye.yeye2013

4 comments:

  1. အရှင်ဘုရားရဲ့ထင်မြင်ဆုံးဖြတ်ချက်တွေဟာ

    ပြည်သူလူထု၏ထင်မြင်ချက်တွေနဲ့တထပ်တည်း

    ဖြစ်နေပါတယ်လုံးဝထောက်ခံပါတယ်


    သခင်မျိုး

    ReplyDelete
  2. အိမ်ထောင်ပြုဘုရားတည်ဆေးမင် စုပ်ထိုးဤသုံးမျိုးတဲ့လက်ပန်းတောင်းကိစ္စမှကျောင်းစေတီတွေရွေ့တန်ရွေရမယ်လို့ပြောကတည်းကိုကဒေါ်စုဟာခွေးကုလားတွေထက်မိုက်သွားပြီ

    ReplyDelete
  3. ကိုဇာနာပြောတဲ့ စကားတခွန်းတော့ သဘောကြတယ်ဗျာ
    ဒေါ်စုကဘာမလုပ်ပေးဘူး ညာမလုပ်ပေးဘူး ပြောတယ်တဲ့
    ဘာလုပ်ပေးနိုင်မှာလည်း ဒေါ်စုကသမ္မတမှမဟုတ်တာတဲ့
    အခုပြောတဲ့သူတွေကရော ဘာလုပ်ပေးပြီးပြီလည်းတဲ့

    ကြိုက်တယ်ဗျာ အဲ့ဒီစကား

    ReplyDelete
  4. သူ လဲမှကိုယ်ထောင် နိုင်မယ် ဆိုရင်
    သွားပြီပေါ့။ မမုန်းပါဘူး ဆိုပေ မဲ့
    နလန် မထူနိုင်အောင် တော့ ရည်ရွယ်
    ထားကြ တယ်။ အခြား နည်းလမ်း
    တွေ ရှာကြည့်ပါလား။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။