/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Friday, May 31, 2013
.
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တပ်မတော်အပေါ် ဘယ်လိုသဘော ထားကြသလဲ(၂)
အပိုင်း(၁)ကို ဒီမှာ နှိပ်ပြီး ဖတ်နိုင်ပါသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ နိုင်ငံတော် အကြီးအကဲ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည် မှ လည်း နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးဥပဒေတစ်ခုကို ပုဂ္ဂိုလ်ရေးဆိုင်ရာ များနှင့် ထည့်သွင်း မရေး ဆွဲ သင့်ကြောင်း၊ ပြင်ဆင် ၍မရအောင် တင်းကျပ်ထားသော အရာများကို အရင်ဆုံးပြင် ရမည်ဖြစ်ေ ကြာင်း ဝေဖန် ပြောကြား ခဲ့ပါသည်။ နိုင်ငံသားများအနေဖြင့် မည်သည့်ကိစ္စတိုင်း ကိုမဆို ဘောင်ခတ် အဖြေ မရှာ ဘဲ အမြင် ကျယ်စွာရှုမြင်ပြီး ဘက်လိုက်ခြင်းမရှိဘဲ ယထာဘူတကျစွာ ဆင်ခြင် သုံးသပ်ရ မည်ဖြစ် ပါ သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အရည်အချင်းရှိကောင်းရှိပါမည်။ ပါတီခေါင်းဆောင်၊ ပြည်သူ့ လွှတ်ေ တာ် တစ်ဦးအနေဖြင့်လည်း နိုင်ငံ့ရေးရာကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စွမ်း ရှိသည် ကို လည်း တွေ့မြင်ကြရပြီးဖြစ်ပါသည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး မဟုတ်ခဲ့ဘဲ သာမန် လူတစ်ဦး အနေဖြင့် အဆိုပါ နိုင်ငံအကြီးအကဲလောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိဘဲ ငြိစွန်း မှုများ ရှိနေခဲ့ပါလျှင် နိုင်ငံသားပြည်သူများ အနေဖြင့် ၎င်းအား နိုင်ငံ့အကြီးအကဲ အဖြစ် လက် ခံပေးနိုင်၊ မပေးနိုင် ကို စဉ်းစား ဆုံးဖြတ်နိုင်ကြ ရန်ဖြစ်ပါသည်။ မြန်မာ့ အရေးသည် မြန်မာ နိုင်ငံသား များနှင့် သာ သက် ဆိုင် သည်ဆိုသော်လည်း ဒီမိုကရေစီလိုလားသည်ဟု အသံကောင်းဟစ် နေသော နိုင် ငံကြီး များက ၎င်းတို့ လို လားသော လူပုဂ္ဂိုလ်အား နိုင်ငံ့ခေါင်းဆောင်ဖြစ်လာစေရန်အတွက် လက်ရှိ အစိုးရ အား အကျပ်အတည်း အမျိုး မျိုး တွေ့ကြုံစေရန် နိုင်ငံရေးကစားမှုများ ပြုလုပ်နေသည် ကိုလည်း သိရှိ ထားရန် လိုအပ်ပါသည်။ မည် သို့ ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲ ဖြစ်သင့်၊ မဖြစ်သင့် ဆိုခြင်း မှာ လွှတ်တော်နှင့် ပြည်သူ များ၏ အဆုံးအဖြတ်သာဖြစ်ကြောင်း သမ္မတကြီး မှလည်း ပြောကြား ခဲ့ပြီးဖြစ် ပါသည်။
တိုင်းရင်းသားများ အတွက် အာဏာ ခွဲဝေမှု အပိုင်း တိတိကျကျဖြစ်အောင် ပြဋ္ဌာန်းရေးမှာ တပ်မတော်နှင့် မ သက် ဆိုင်ဘဲ လွှတ်တော်၏ ကိစ္စသာဖြစ်ပါသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့် အာဏာ ခွဲဝေရာ တွင် နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီ ကြသော်လည်း မည်သည့် ဒီမိုကရေစီ၊ မည်သည့် ဖက်ဒရယ်နိုင်ငံတွင်မှ ကာကွယ်ရေး ကိစ္စများအား ပြည်နယ်များ သို့ ခွဲဝေပေးခြင်း မရှိပါ။ ပြည်ထောင်စု တစ်ခု တွင် တပ်မတော် တစ်ခုတည်းသာ ထားရှိကြပါသည်။ ပြည်နယ်များ အနေဖြင့် သီးခြား ခါးပိုက်ဆောင် တပ် များ ထားရှိရန် မဖြစ်နိုင်ပါ။ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ေ နခြင်း မှာ ဖက်ဒရယ်စနစ်ကို သွားရန် မဖြစ်နိုင်ဟု တိုင်းရင်းသားခေါင်းဆောင် များက ပြော ဆိုနေခြင်းမှာ စဉ်းစား သင့်သော အချက်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အ ပစ်အခတ် ရပ်စဲငြိမ်းချမ်းရေးဆောင် ရွက်နေစဉ် ယခုကာလအတွင်း ပြည်နယ် များတွင် တိုင်းရင်းသား လက်နက် ကိုင်များအနေဖြင့် အပြစ်မဲ့ပြည်သူများ အပေါ် ဥပဒေမဲ့ ပစ်သတ်၊ ဆက်ကြေးကောက်၊ အတင်း အဓမ္မ လူသစ် စုဆောင်းနေမှုများကို ပြည်သူများနေ့စဉ်နှင့် အမျှ ကြားသိ နေကြ မည်ဖြစ်ပါသည်။ ငြိမ်း ချမ်းေ ရးဆွေးနွေး ရမည့်အချိန်တွင် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုများကို အလေးမထားဘဲ တိုင်းရင်းသား လက် နက် ကိုင်များအနေဖြင့် နယ်မြေ တိုးချဲ့၍ အင်အားတည်ဆောက် ရန်ကြိုး စားနေခြင်းသည် “အပ်နှင့် ထွင်းရ မည့်နေ ရာပုဆိန်နှင့်ပေါက်” နေခြင်းဖြစ်ပါသည်။ နောင်တစ်ချိန် တွင် ထိန်းမနိုင်သိမ်းမ ရဖြစ်လာ ကာ ညှိနှိုင်းေ ဆွးနွေး ရန် မဖြစ်နိုင်တော့ဘဲ တပ်မတော်သားများ အပါအ၀င် တိုင်းရင်းသားပြည်သူများ၏ အ သက်၊ အိုးအိမ်၊ စည်းစိမ်များ ထပ်မံစတေးဆုံးရှုံးဒုက္ခ ရောက်ကြရမည့် အခြေအနေဆိုးများနှင့် ထပ်မံ ကြုံေ တွ့လာဦးမည်ဖြစ်ပါသည်။
နိုင်ငံတော်တည်ဆောက်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်ကြီး သုံးရပ်သည် တစ် ခုနှင့် တစ်ခု အမှီသဟဲပြု ထိန်းကျောင်းပြင်ဆင်တည့်မတ်ပေးရန် တာဝန်ရှိပါသည်။ ထိန်းကျောင်းပြင် ဆင် တည့် မတ်ပေးခဲ့သည့် သာဓကများ လည်း ပြည်သူများ သိမြင်ပြီးဖြစ်ပါသည်။ ထို့အတူ ၎င်းအဖွဲ့ အ စည်း အသီးသီး အတွင်းတွင်လည်း ပြင်ဆင် တည့်မတ်ထိန်း သိမ်းပေးနိုင်မည့် လူပုဂ္ဂိုလ် အင်အားစုများ ရှိနေ ရန် လိုအပ်ပါသည်။ ဒီမိုကရေစီ အနှစ်သာရမှာ အများဆန္ဒကို ဖော်ဆောင် ခြင်းဟုဆိုသော်လည်း မဖြစ် သင့်၊ မဖြစ်ထိုက်သော ကိစ္စများကို အများအားဖြင့် ဒီမိုကရေစီ အနိုင်ကျင့် ခြင်းမျိုးကို ထိုအင် အားစု များ က ထိန်းကျောင်း တည့်မတ်ပေးကြရ မည်ဖြစ်ပါသည်။ လက်ပံတောင်း တောင်အစီရင်ခံစာကိုပင် ဒေ သ ခံ ရွာသား များက သေချာ ဖတ်ရှုခြင်း မရှိဘဲ နောက်ကွယ်မှ ကြိုးကိုင် သွေးထိုး လှုံ့ဆော်မှု များကြောင့် ဆန္ဒပြေ နကြ ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံးဖတ်ရှုပြီး နားလည်သဘောပေါက် ကြ မည့် ပြည် သူ အရေ အတွက်မှာ အလွန့်အလွန်နည်းပါးမည် ဖြစ်ပါသည်။
၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ရရှိရေး အတွက် ပုဂ္ဂိုလ်ရေး ယုံကြည်မှုကို အလွဲ သုံးစားပြု လုပ် ကာ ပါတီ အသီးသီးမှ နိုင်ငံရေးသမားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး ကို အားတက် သရော ပြောဆိုနေခြင်း များကို ဆင်ခြင်သင့်ပါသည်။ အမှန် တကယ်ပြင်ဆင်ရန် လိုအပ် သော အချက် များ ကို လည်း ပြင်ဆင် သင့်ပါက စိတ်ကောင်းစေ တနာမှန်ဖြင့် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ကြိုးစားကြရ မည်ဖြစ် ပါသည်။ ဒီမိုကရေစီ သက်တမ်း နှစ်နှစ်ကျော် ကာလအတွင်း တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ကျန် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြဆုံးဖြတ် ချက်များကို ခက်ခဲအောင် လုပ်ေ ဆာင် ခဲ့ သည်၊ သို့မဟုတ် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည် ဆိုသည်ကို ကျန်လွှတ်တော် ကိုယ်စား လှယ် များနှင့် ပြည်သူ များ သိမြင်ပြီးဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အများစုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ်ပြီး ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်နိုင် ရန် အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူ လက် ခံပြီးေ နာက် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန မဲဖြင့်သာ ပြင်ဆင်နိုင် မည်ဖြစ်ပါသည်။ ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်များ အတွင်း တပ်မတော်သား ကိုယ် စား လှယ်များအနေဖြင့် ဖြစ်သင့်ဖြစ် ထိုက်သည့် အရေး ကိစ္စများကို ထောက်ခံ ဆွေးနွေးခဲ့ကြသကဲ့သို့ တပ်မတော် သား ကိုယ်စား လှယ်များ ကိုယ်တိုင် မတင်ပြခဲ့သော တပ်မတော်နှင့် ပတ်သက်သည့် ကိစ္စရပ် များ ကို အရပ်သား စစ်စစ် လွှတ်တော် ကိုယ်စားလှယ် အချို့က စိတ်ကောင်း စေတနာမှန်ဖြင့် အျပဳသေ ဘာေ ဆာင် တင်ပြဆွေးနွေးခဲ့ကြ သည်ကိုလည်း သတိပြုကြ ရမည်ဖြစ် ပါသည်။ သို့ဖြစ်၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင် ဆင် နိုင်ရေး အတွက် အရေး ကြီး သည် မှာ မှန်သော်လည်း ကျန်လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ရာနှုန်းပြည့်ထောက် ခံမှုကို ရရှိနိုင် မည့် ပြင်ဆင်ပြဋ္ဌာန်း မှုမျိုးဖြစ်နိုင် ရန် ဦးစွာကြိုးစားသင့် ပါသည်။
နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး တည်ဆောက်နေ ရချိန်ဖြစ်ပါသည်။ အနောက်ဘက်မှ လူဦးရေပေါက်ကွဲ ကျူးကျော် ၀င်ရောက် လာမှု များနှင့် အရှေ့မြောက်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏အကာအကွယ်ဖြင့် လူဦးရေ စိမ့်ဝင် လာမှု များကို ရင်ဆိုင်ကြုံတွေ့နေရချိန်ဖြစ်ပါသည်။ ဒီမိုကရေစီအကြောင်းပြလျက် နိုင်ငံ ကြီးအချို့က နိုင် ငံေ တ်ာနှ င့် နိုင်ငံတော်အစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေချိန် ဖြစ်ပါသည်။ ဤသို့သော အ ချိန် တွင် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်နေသော၊ နိုင် ငံတော် အတွက် မရှိမဖြစ်လိုအပ်သော တပ်မတော်၏အခန်းကဏ္ဍကို ဖယ်ထုတ်ကာ အဂတိလေးပါးဖြင့် ဖွဲ့ စည်း ပုံ အခြေခံဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြင်ဆင်ရန် ကြိုးစား နေခြင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသား များအ တွက် အလွန်ပင် အန္တရာယ်ကြီးမား လှကြောင်း ရေးသားလိုက် ရပါသည်။
မောင်ပြည်သူ
Credit : http://www.oppositeyes.info/2013/05/blog-post_1335.html
1 comment:
    ReplyDelete
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။